part.1

194 10 0
                                        

---





"လီဆာရေ မနက်မှ ဆက်ပြောကြတာပေါ့နော်"

"အေးပါ ချယ်ရယ်။ ငါလဲ ငိုက်နေပြီ။ နင့်ကို အားနာလို့"

"အေးအေး Good night သူငယ်ချင်းလေး"

ချယ်ဖုန်းချသွားတော့ လီလီလဲ ဖုန်းချပြီး အိပ်ဖို့ပြင်လိုက်တယ်။ ရင်ထဲပူနေတာကြောင့် ပလက်လေးပဲ အိပ်လိုက်တယ်။

မနက်ကျရင်လဲ ချယ်နဲ့ တောင်ပေါ်ရွာလေးတစ်ရွာကို လေ့လာရေးခရီးထွက်မလို့ရယ်။ အဲ့ဒီရွာရဲ့ အလှအပတွေကို ကမ္ဘာကလူတွေ ကိုရီးယားကို ပိုသိလာအောင် vlog ရိုက်ပြမယ်။ ပြီးရင် Lili နဲ့ ချယ်ဖွင့်ထားတဲ့ YouTube Channel မှာ တင်မယ်။

နယ်နယ်ရရတော့ မဟုတ်ဘူးနော် ဟီဟီး။ Lili တို့မှာ subscriber 10 million ပြည့်ဖို့ အနည်းငယ်သာလိုတာလေး ဟီဟီ...

ကဲ... အားလုံး See you ပါနော်.....

လီဆာတစ်ယောက် အတွေးပေါင်းသောင်းခြောက်ထောင် တွေးရင်း အိပ်ပျော်သွားခဲ့တာပေါ့။

မနက် ၃:၀၀ နာရီတိတိ 🕰️

နာရီမှ အချက်ပေးသံက-

တီး... တီး... တီး...

ဒူးလောက်ရှိတဲ့ မိုးပြာနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားတဲ့ အရပ်ကပုပု၊ ပါးကဖောင်းဖောင်း အမျိုးသမီးတစ်ယောက်ရဲ့ ပြုံးရယ်သံ။

ဟီး...

အပြုံးချိုချိုလေးနဲ့ လီဆာဖက်ကို လှည့်ကြည့်လာတယ်။ မြူခိုးတွေပြည့်နေတဲ့ အရှေ့ဘက်၊ ဘာမှန်းမသိတဲ့ မမြင်ရတဲ့နေရာဘက်ကို ပြန်လှည့်ပြီး ဦးတည်ကာ ပြေးသွားနေတယ်။

"နေပါဦး... မင်းက ဘယ်သူလဲ"

မြူခိုးတွေကြားထဲ လီဆာ ပြေးလိုက်သွားပေမယ့် အဲ့ဒီအမျိုးသမီးက မရှိတော့ဘူး။

ရုတ်တရက်-

ကားတစ်စီးဟာ လီဆာဆီကို အရှိန်နဲ့ ထိုးဝင်လာတယ်။

ကားဆီက ထွက်လာတဲ့ မီးရောင်ကြောင့် လီဆာက သူမရဲ့လက်နဲ့ မျက်နှာကို ကာချလိုက်ရင်း-

အိပ်ရာထက်မှာ လန့်နိုးလာခဲ့တယ်။

လီလီဟာ နာရီကိုတစ်ချက်ကြည့်လိုက်ပြီး နဖူးက ချွေးများကို သုတ်ကာ လက်မှာပတ်ထားတဲ့ နာရီကိုတစ်ချက် ထပ်ကြည့်လိုက်တယ်။

ACTRESS KiM -1980-Stories to obsess over. Discover now