Crazy In Addition (1)

89 9 4
                                        


အိပ်ရာဝင်ပုံပြင်တွေသည် သိပ်ပြီးကြောက်စရာကောင်းတာမျိုးမရှိပေ...။ ကလေးတွေအတွက် ညအိပ်ရာဝင်ပုံပြင်ဟာ အိမ်မက်ကောင်းတွေမက်ဖို့အတွက် အတော်လေး အရေးပါသည်။ ငိုယိုတုန်လှုပ်လျက် နိုးလာသည့်ကလေးတွေကို ထပ်နှစ်သိမ့်သူမရှိသည့် မိဘမဲ့ကလေးတွေအတွက် ညအိပ်ရာဝင်ပုံပြင်ချိုချိုလေးတွေက သိပ်ကို အရေးပါသည်။
ပုံပြင်တိုတိုလေးနှင့် အိပ်မရသည့် ကလေးတွေအတွက်ကတော့ အမှောင်ထုကလွဲပြီးဖက်တွယ်စရာရှိမနေပေ...။

ခဲရောင်မျက်နှာကျက်ပေါ်မှ နွေးထွေးဟန်ရှိသည့် မိဘနှင့် ကလေးပန်ချီကားကိုသာမှန်းဆရင်း အိပ်ပျော်အောင် အိပ်ရသည်။

".........."

ပြတင်းပေါက်သေးသေးပေါ်မှ ဖြာကျလာသည့် လအလင်းရောင်ကိုငေးကြည့်ရင်း ပြည့်သိပ်နေသည့်အခန်းကျဉ်းထဲ ငြိမ်သက်စွာ လှဲလျောင်းနေသည်။ ဖုန်မှုန့်တစ်ချို့နှင့် ချွေးနံ့တွေပြည့်နေသည့် အခန်းထဲ အိပ်‌ပျော်အောင် အိပ်နိုင်စရာမရှိပေ..။ ထောင့်မှာနေရသည့် လူတစ်ဦးအနေနှင့် နေရာကျဉ်းကျဉ်းလေးဟာ အတော်လေးစိတ်ပျက်စရာကောင်းလွန်းသည်။

"........"

ရင်ဘတ်အထိခြုံထားသည့် စောင်ပါးလေးကိုဖယ်ပြီး ထထိုင်လိုက်သည်။ ခန္ဓာကိုယ်ဟာ သေးသွယ်ပိန်ပါးလျက် ပါးတွေချောင်နေသည်။ ဆံသားတွေက ပုခုံးကျော်ထိကိုရှည်နေပြီး အသားရည်တွေက ဖြူဖွေးနေသည်။ မိဘမဲ့ကျောင်းက ဆင်ပေးသည့် အဖြူရောင်ညဝတ်လေးကိုဝတ်ထားသည်ကြောင့် ရုတ်တရပ်ကြည့်ရင် မိန်းကလေးလို့တောင်အထင်မှားနိုင်သည့် ရုပ်ရည်မျိုး...။

"ကိုကြီး?...."

တစ်ဖက်ထောင့်မှ ကလေးတစ်ဦးကလည်း ထထိုင်ကာပင် သူ့ကိုခေါ်လေသည်။ အိပ်မရတာချင်းတူနေသည်ကြောင့် ဖြစ်မည်..။ သူ့ကိုမျက်ခုံးကြုတ်ကာပင်ကြည့်နေသည်။ ပြီးနောက် စောင်ပါးလေးကိုပွေ့ဖက်ကာပင် ဒူးပေါ်ခေါင်းတင်လိုက်သည်။ မျက်ဝန်းမှေးမှေးလေးတွေမှာ အိပ်ငိုက်နေသည်။ သေးငယ်ကျဉ်းလွန်းသည့်နေရာမှာ ကလေးငယ်တစ်ဦး မည်သို့အိပ်နိုင်မည်နည်း။ ကလေးမို့ ကွေးချင်သည် ဆန့်ချင်သည်။ တည့်တည့်ကြီး လူသေတစ်ဦးလို မလှဲနေနိုင်ပေ..။

Crazy In Addition Stories to obsess over. Discover now