1

111 2 0
                                        

ဟိုးယခင်ခေတ်များကတည်းက အစဉ်အဆက် ချမ်းသာကြွယ်ဝလာခဲ့သော မဟာစံအိမ်တော်ကြီးအတွင်း၌ စံအိမ်သခင်ကြီး သခင်မကြီးတို့ထက် ဩဇာညောင်းသော အသက် ၂၅နှစ်အရွယ် လူငယ်လေးတစ်ယောက်။

သာမန်လူများထက် ရင့်ကျက်တည်ငြိမ်ပြီး အသံကအစ အေးစက်မာကျောနေလေသည်။ အရပ်အမောင်း မြင့်မားပြီး မျက်နှာကျက ဖခင်ဖြစ်သူနှင့် သွားဆင်တာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး။

ထိုနှင်းဆီခိုင်ကြီးအား ခြွေယူခူးဆွတ်ချင်သူ မိန်းမပျိုအမြောက်အမြားကလည်း စာရင်းတွက်လို့ရနေသည်။

ဥစ္စာဓန ပေါကြွယ်ဝပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ကာ Company ပေါင်းများစွာကို အုပ်ချုပ်နေသော အနှီ စီအီးအို။

ဈာန်အဂ္ဂမဟာဟူသည် လူတိုင်းက လေးစားအားကျရသော သူဌေးလေးတစ်ဦးဖြစ်ပြီး သမီးရှင်များ လိုချင်တပ်မက်ရလောက်အောင်လည်း ကောင်းမွန်သော စံနှုန်းများဖြင့် ပြည့်စုံနေသော သမက်ကောင်းတစ်ယောက်ပင်ဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ အထပ်မြင့်အဆောက်အဦးကြီးအတွင်းရှိ စီအီးအိုရုံးခန်းထဲတွင် နေ့လယ်စာ သုံးဆောင်နေကြသော လူသုံးဦး။

ပိုင်ရှင်တစ်ဦးနှင့် ရှယ်ယာရှင်များဖြစ်ကြသော သူငယ်ချင်းနှစ်ယောက်က နေ့လည်စာကိုကြည့်ရင်း ငြီးတွားနေကြသည်။

သို့သော် အချိန်ကြာကြာမရလိုက်။ ဝယ်လက်များများလိုချင်သော လုပ်ငန်းရှင်တစ်ယောက်က Appointment ယူထားတာကြောင့် ထမင်းဝိုင်းလေးက မြန်မြန်ဆန်ဆန်ပဲ အပြီးသတ်သွားရတော့သည်။

နေ့လည် ၂နာရီလောက်ကျမှ သူ၏အတွင်းရေးမှူးအား Mallရှိရာလွှတ်ပြီး အဆာပြေမုန့် ဝယ်ခိုင်းရမည်ဟု တွေးထားလိုက်သည်။

Suit အနက်ရောင်သည် ကြံ့ခိုင်သော ခန္ဓာကိုယ်ထက်မှာ အကျအနနေရာယူထားပြီး ဆံပင်အား ဘယ်ဘက်ကနေခွဲထားသည့် ညာဘက်ခွဲကြောင်းကြား jelဖြင့်သပ်တင်ထားပြီး လက်ကောက်ဝတ်မှ ရွှေရောင် Rolex နာရီကြီးက ဝံ့ဝံ့ကြွားကြွား။

The Manor Lord's Beloved (Complete)Historias para obsesionarse. Descúbrelo ahora