Soft Core (1)

115 11 0
                                        

ဒီ fic ကိုလေ Mini story မှာပြိုင်ဖို့မတွေးရသေးပါဘူး၊
Plot တွေလည်းကုန်နေပြီမို့မပါတော့ဘူးတွေးထားပေမဲ့လည်း ပါဖြစ်သွားတယ်ပေါ့ရှင်၊
သိပ်ပြီးလည်းမျှော်လင့်မထားတာမို့လို့ ဘာမှမဖြစ်ပါဘူးပေါ့နော်..။ ပြီးတော့ ကိုယ်တိုင်ကလည်း အားမရတာရော၊ မရေးဖူးတဲ့ပုံစံမို့လို့ Challenge တစ်ခုလိုဖြစ်နေလို့ပါ..။

Playlist for this fiction ......

Melanie martinez - Cake
The neighborhood - Soft Core
The neighborhood - Reflections
The neighborhood - Sweat sweater
Jaymes young - Infinity

(ဒီသီချင်းတွေကို နားထောင်ပြီးဖတ်ရင် ပိုရုပ်ကြွမယ်ထင်ပါတယ်ရှင်၊ ဒီသီချင်းတွေနဲ့ဘဲ idea တစ်ချို့ယူခဲ့တာပါ🙆🏻‍♀️)

==============
==============

ပြောင်းလဲလို့မရတဲ့အထဲမှာ ဗီဇ လည်းပါသည်။
ဗီဇ ကဘာလဲ။ဘယ်လိုအလုပ်လုပ်လဲ...။ မွေးရာပါလား၊ ရိုက်သွင်းခံရတာလား...။ မြင်ရတာမျိုးမဟုတ်တော့ ခန့်မှန်းဖို့လည်းခက်တယ်လေ...။

"မတရားဘူးနော် .. ဆရာ .."

ကောင်မလေးတစ်ယောက်၏အသံဖြစ်သည်။ လေးထပ်လောက်မြင့်သည့်ကျောင်း၏ အတန်းပိုင်ဆရာရုံးခန်းတွင်ဖြစ်သည်။ ကျောင်းယူနီဖောင်းဝတ်ထားသည့်မိန်းကလေးမှာ ခါးလောက်ထိရှည်သည့်ဆံသားတွေကိုချထားသည်။ စကပ်ကလေးမှာပေါင်လယ်လောက်တွင်သာရှိနေခဲ့ပြီးသွယ်လျသည့်ပေါင်တံလေးမှာထင်းပေါ်နေသည်။ မျက်ဝန်းတွေမှာ တစ်ခုခုကိုစိုးထိတ်နေပုံရသည်။ မျက်နှာချင်းဆိုင်တွင်တော့ အသက်လတ်ပိုင်းအမျိုးသားတစ်ဦးထိုင်နေသည်။ အတန်းပိုင်ဆရာဖြစ်ပုံရကာ သပ်ရပ်စွာဝတ်စားထားသည်။ သူဟာ စာရွက်တွေကိုကြည့်နေရာကနေ ကောင်မလေးကိုလှမ်းကြည့်လာသည်။

"ဘာကိုလဲ..."

"ဟမ်?.. မသိသလိုမလုပ်နေပါနဲ့... သမီးဒီလိုဘဝမျိုးနဲ့မနေနိုင်တော့ဘူး..."

"ဘယ်လို ဘဝလိုမျိုးလဲ.."

မသိသလိုအကြည့်တွေနှင့်အလေးမစိုက်စွာပြောနေသည့်ပုံစံကြောင့်ကျောင်းသူလေးမှာအသားတွေတောင် တဆတ်ဆတ်တုန်ယင်ကာ အံ့သြနေရသည်။
သူမလည်တိုင်ပေါ်တွင်ခပ်ညိုညိုအမှတ်သားလေးတောင် ထင်းပေါ်နေသေးသည်။

Soft Core Stories to obsess over. Discover now