part 1

77 6 3
                                        

     မြန်မာနိုင်ငံ၏ စံတော်ချိန် မနက်၄နာရီသည်ဆောင်းရာသီ၏အေးမြခြောက်‌သွေ့သော

အခြေအနေကြောင့် စစ်တွေမြို့၏လမ်းများပေါ်၌ လူသူကင်းမဲ့ နေသည်။

"Hello ဟုတ်ကဲ့ ကျနော် ခန‌ေနရင်ရောက်တော့မယ်ဗျ။
"ဪ ဟုတ်ကဲ့ရှင် လေယာဉ်က ၄နာရီခွဲလောက် ဆိုရင်စထွက်ပါတော့မယ်ရှင့်"

မိနစ်အနည်းငယ်အတွင်းတွင်အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ကောင်လေး သည် baggy style pants ရယ် အဖြူရောင် hoodie ကိုဝတ်ဆင်ထားကာ လေဆိပ်ထဲသို့ ရေကြီးသုတ်ဖြာ ဖြင့်ဝင်သွားလေသည်။ နာရီကို တချက်ကြည့်ရင် 4:20။သက်ပြင်းတချက်ချကာ
"တော်သေးလို့"
ဟုဆိုကာ

"🎙️: ကျေးဇူးပြု၍နားဆင်ပေး‌ပါရှင့်။ မြန်မာအမျိုးသားလေကြောင်းလိုင်းလည် မကြာမီရန်ကုန်မြို့သို့စတင် ထွက်ခွာတော့မည်ဖြစ်သည် ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များ အမှတ်စဉ် ၂ တွင်သွား၍တန်းစီနိုင်ပါသည်""ခရီးသည်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် လိုအပ်သော ခရီးသွားအထောက်အထားများကို အသင့်ယူဆောင်ထားပေးကြပါရန်..."

Announcement သံက လေဆိပ်တစ်ခုလုံးထဲ ပျံ့နှံ့သွားသည်။လူများသည် အမှတ်စဉ်၂တွင်သွား၍တန်းစီနေကြသည်။
" နာမည်နှင့်မှတ်ပုံတင်လေးပြပေးပါအုန်းရှင့်"
"ဪဒီမှာ ပါ နာမည်က (မင်းမြတ်သွင်ထူး)ပါဗျ

"ဟုတ်ကဲ့၊ အားလုံးအဆင်ပြေပါတယ်ရှင့်။ ဒီမှာ ပြန်ယူထားပေးပါနော်။"
က ကတ်ပြားကို ပြန်ယူပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"လက်မှတ်လေးလည်းရပါပြီရှင့် ဒီမှာပါ"

လက်မှတ်ကိုယူကာ ငွေပေးချေ၍ လေယာဉ်ပေါ်သို့ တက်လာလိုက်သည်။ခဏအကြာတွင် မိမိ၏ထိုင်ခုံကို တွေ့သွားပြီး အိတ်ကို အပေါ်ဘက်ရှိ အိတ်ထားရာနေရာတွင် ထည့်ကာ ထိုင်လိုက်သည်။
ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ လေဆိပ်အဆောက်အအုံများနှင့် လေယာဉ်များကို မြင်နေရသည်။
ခရီးစဉ်တစ်ခု စတင်တော့မည်ဖြစ်သည်။

End 1

Love in abroad Stories to obsess over. Discover now