We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

"Less than a lover"

71 12 2
                                        


မိုးအုံ့ပြီး အေးစိမ့်တတ်တဲ့ အမေရိကန်နိုင်ငံ Seattle မြို့ကြီးရဲ့ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ဖို့အတွက် Jay တစ်ယောက် စပိန်နိုင်ငံရဲ့ ကမ်းခြေမြို့လေးတစ်ခုဆီ အားလပ်ရက် ခရီးထွက်လာခဲ့တယ်..... နေရောင်ခြည်နွေးနွေးနဲ့ lo-fi သီချင်းသံ ညည်းညည်းလေး ပျံ့လွင့်နေတဲ့ စပိန်ရဲ့ နွေရာသီက Jay အတွက်တော့ စိတ်အပန်းပြေစရာ အကောင်းဆုံးပေါ့.....

ခရီးရောက်တဲ့ ပထမဆုံးနေ့မှာပဲ Jay တစ်ယောက် လမ်းဘေးက ကော်ဖီဆိုင်လေးတစ်ခုထဲ ဝင်ထိုင်မိတယ်။ ထောင့်စွန်းဝိုင်းလေးမှာ အေးအေးလူလူ ကော်ဖီသောက်ရင်း စာဖတ်နေတုန်း-

"ဒီခုံမှာ လူရှိပါသလားခင်ဗျာ?"

အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေး မေးလိုက်တဲ့ အသံကြောင့် Jay မော့ကြည့်လိုက်တော့ ကတ်ဆက်အကျီနဲ့ စတိုင်ကျနေတဲ့ အမျိုးသားတစ်ယောက်.....သူကတော့ ဩစတြေးလျနိုင်ငံ၊ Brisbane ကနေ စပိန်ကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ Jake ပဲ ဖြစ်ပါတယ်....ဆိုင်ထဲမှာ လူပြည့်နေတာကြောင့် Jake က Jay ရဲ့ ဝိုင်းမှာ ဝင်ထိုင်ဖို့ ခွင့်တောင်းခဲ့တာပါ....

အဲ့ဒီနေ့က Seattle က လာတဲ့ Jay ရဲ့ အေးအေးဆေးဆေး နေတတ်တဲ့ ပုံစံလေးနဲ့ ဩစတြေးလျလေယူလေသိမ်းနဲ့ လူမှုရေးကောင်းတဲ့ Jake တို့ကြောင့် သူတို့နှစ်ယောက် ကော်ဖီသောက်ရင်း တော်တော်လေး စကားလက်ဆုံကျခဲ့ကြတယ်...ဒါပေမဲ့ အလုပ်ကိစ္စနဲ့ အလျင်စလို ထွက်သွားရတဲ့ Jake ကြောင့် ဖုန်းနံပါတ်တောင် မလဲလိုက်ရဘဲ လွဲချော်ခဲ့ရတယ်....

ဒါပေမဲ့ ကံကြမ္မာက သူတို့ကို ဒီလောက်နဲ့ တင်မထားခဲ့ပါဘူး.....

နောက်ရက်မှာပဲ Jay ရဲ့ အဖေက စပိန်မှာရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင်ကော်ဖီဆိုင်ခွဲလေးကို ခေတ္တလာကူညီပေးဖို့ Jay ဆီ ဖုန်းဆက်အကူအညီတောင်းလာတယ်....အားယားယားရှိတာနဲ့ Jay လည်း အဖေ့ဆိုင်လေးမှာ ဝင်ကူရင်း ကောင်တာမှာ ကော်ဖီဖျော်နေတုန်း ဆိုင်တံခါးဝက ဘဲလ်သံလေး မြည်သွားတယ်...

"Welcome to-"

Jay စကားမဆုံးခင်မှာပဲ ဆိုင်ထဲဝင်လာတဲ့ လူကိုကြည့်ပြီး အံ့သြသွားရတယ်.....ဝင်လာတာက တခြားသူမဟုတ်၊ မနေ့ကမှ လွဲချော်သွားခဲ့တဲ့ Jake ပဲ ဖြစ်နေတယ်.... Jake ကလည်း ကောင်တာနောက်မှာ ဘာရစ္စတာဂျပရွန်လေးဝတ်ပြီး ဆံပင်အုပ်အုပ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ Jay ကို မြင်တော့ မျက်လုံးတွေ တောက်ပသွားပြီး ပြုံးလိုက်မိတယ်....

You've reached the end of published parts.

⏰ Last updated: Jul 27 ⏰

Add this story to your Library to get notified about new parts!

Less than a loverStories to obsess over. Discover now