မနက် ၇:၄၀ -အထွေထွေဆေးရုံကြီး (မန္တလေး)
"ဟက်ငါတော့ခွဲစိတ်ဌာန Clinical Rotation
ပထမဆုံးနေ့ဆိုတော့ရင်ခုန်လွန်းလို့
မနက်စာတောင်မစားခဲ့ရဘူးသိလား"
ဟေမာန်ဆိုတဲ့ ကောင်မလေးက စကားစလိုက်တယ်။
"တူတူပဲဟ..." ရှင်းသန့်က လက်နှစ်ဖက်ကို ဖိကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်တယ်။ "ပါမောက္ခပြောတာတော့...ငါတို့ကိုလက်တွေ့အတန်း သင်ပေးမယ့်ပါမောက္ခက နည်းနည်းကြောက်ဖို့ကောင်းတယ်တဲ့"
သီရိစံက မမြင်ဖူးသေးတဲ့ ပါမောက္ခဘက်က ထောက်ခံသလို ပုံစံနဲ့
"နင်ကတော့ ကြောက်စရာမရှိရှာကြံကြောက်နေပြန်တယ်ဟယ် မဟုတ်ပါဘူးအဲ့လောက်လဲ Dr Greyက သဘောကောင်းပါတယ် အရမ်းတိကျတာပဲ ရှိတာပါဟ"
"နင်တို့ဟာလေ အရမ်းစပ်စုကြတာဘဲ ကောင်းကောင်းဆိုးဆိုး ဆရာပြောင်းသင်လို့မရဘူး တော်ပြီ ငြင်းမနေကြနဲ့တော့"ဟန်နွေရီ၀င်ပြောလိုက်မှ ငြိမ်သွားကြတော့တယ်။
ထိုအချိန် သင်နေကြ ပါမောက္ခရောက်လာကာ
"ကဲအားလုံး လူစုံပြီလား သေချာလေ့လာသင်ယူကြနော်
မသိတာရှိရင်လဲ မေးလို့ရတယ် ကြောက်စရာမလိုဘူး
ဆရာက သဘောကောင်းတယ်"
ဟုတ်ကဲ့ပါရှင့်/ဗျာ"
"ပြီးတော့ပြောရဦးမယ် အမျိုးသမီးတို့ စာပဲ သင်နော်
ဘာသံညာသံ မကြားချင်ဘူး"
"ဘာသံညာသံဆိုတာ ဘာကိုပြောတာလဲ Dr Greyနဲ့လား"
ဟန်နွေရီက နားမလည်ယောင် ပြောလိုက်တယ်။
"ဟုတ်တယ် Dr Greyနဲ့ ငါ့အမေပြောတာတော့ Dr Greyကတော်တော်ကို ချောတယ်တဲ့မိန်းကလေးချင်းကြွေရလောက်အောင်တဲ့လေ"
"Dr Greyက မိန်းကလေးလား"
"ဟုတ်တယ်လေ"
"နင်သတင်းစာတို့၊သတင်းတွေဘာတွေ မဖတ်ဘူးလား ဟေမာန်"
" ဟက် သတင်းစာထဲ၊သတင်းထဲပါရအောင် သူကဆရာ၀န်လေ ရုပ်ရှင်မင်းသမီးမှ မဟုတ်ဘဲ"
"ဒီလောက် နာမည်ကြီးတာကို နင်မသိတာဘဲ ထူးဆန်းတာ ဟုတ်တယ်မလား"
သီရိစံက ကျန်တဲ့သူတွေကို ထောက်ခံမယ်အထင်နဲ့ပြောလိုက်တယ်။
"ငါတို့တော့ မကြားဖူးဘူး"
ကျန်၂ယောက်ရဲ့အဖြေကို ကြာပြီး သီရိကိုယ့်နှာဖူးကို ရိုက်လိုက်ကာ
"နင်တို့မသိတာ အရမ်းအံ့သြမိတယ် ဟိုတလောကမှ သတင်းထဲပါလာသေးတယ် အကြီးစားခွဲစိတ်မှုတစ်ခုကို ၄ နာရီလောက်နဲ့ခွဲစိတ်နိုင်ခဲ့တယ်ဆိုပြီး ပြီးတော့သူက မြန်မာနိုင်ငံက အတော်ဆုံးခွဲစိတ်ဆရာ၀န်ဆိုတဲ့ ဂုဏ်ထူးတောင်ရထားသေးတယ် လူနာတွေက သူ့ကို 'The Hand of God' လို့ တင်စားခေါ်ကြတယ် မသိဘူးလား"
YOU ARE READING
Grey
General FictionDr. Grey MBBS, MS (General Surgery), PhD (Medical Sciences) မြန်မာနိုင်ငံရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန် Mr. Nathan Harrison ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ The Hand of God လူတွေက ကျွန်တော့်ကို နာမည်အမျိုးမျိုးနဲ့ ခေါ်ကြတယ်။ လူတိုင်းရဲ့အမြင်မှာ ကျွန်တော်ဟာ အပြ...
