( Unicode )
"Rainbow" နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးနယ်မြေတစ်ခု ဖြစ်တယ် ။ ဤနိုင်ငံတွင် LGBT အသိုင်းအဝိုင်းက လူဦးရေရဲ့ အများစုဖြစ်နေတာကြောင့် အနာဂတ်မှာ လူဦးရေ ပြတ်လပ်သွားမည့်အရေးကို အစိုးရက အထူးစိုးရိမ်ခဲ့ကြလေတယ် ။
ဒါကြောင့်ပင် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကစပြီး အဆင့်မြင့်မျိုးရိုးဗီဇနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများကို အသုံးပြုကာ အမျိုးသားများပါ ကိုယ်ဝန်ဆောင်နိုင်သည့် စနစ်ကို တရားဝင် အကောင်အထည်ဖော်ခဲ့ကြတယ် ။
သို့သော်... နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ လူတစ်ယောက်ရဲ့ နှလုံးသားကိုတော့ နည်းပညာနဲ့ ပြုပြင်ပြောင်းလဲလို့ မရနိုင်ခဲ့ပါလေ ။
"Min Group" ဆိုလျှင် Rainbow နိုင်ငံမှာ မသိသူမရှိလောက်အောင် သြဇာအာဏာကြီးမားပြီး အချမ်းသာဆုံး မိသားစုဖြစ်လေတယ် ။ ထိုအိမ်တော်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူကတော့ အသက် ၃၀ အရွယ် 'မင်ယွန်းဂီ' ဖြစ်တယ် ။
ယွန်းဂီသည် ရုပ်ရည်ချောမောခန့်ညားပြီး လုပ်ငန်းခွင်တွင် ပါရမီပါသလောက် လူအများအပေါ်တွင်မူ ရေခဲတုံးကဲ့သို့ အေးစက်ပြီး မာနကြီးလွန်းသူ ဖြစ်တာကြောင့် လူတိုင်းက သူ့ကိုရှိန်ပြီး ကြောက်ရွံ့ကြလေတယ် ။
အသက် ၂၀ အရွယ်တုန်းက ကြုံတွေ့ခဲ့ရသည့် အချစ်ဦးကောင်မလေး၏ ရက်ရက်စက်စက် သစ္စာဖောက် အသည်းခွဲမှုကြောင့် ယွန်းဂီသည် အချစ်ဆိုသည်ကို လုံးဝအယုံအကြည်မရှိတော့သလို၊ မိန်းကလေးများကိုပါ စိတ်ကုန်သွားခဲ့တော့တယ် ။ ထို့ကြောင့်ပင် အသက် ၃၀ အထိ မည်သူ့ကိုမှ ရင်ခုန်ခြင်းမရှိတော့ပဲ လူပျိုကြီးဘဝဖြင့်သာ အထီးကျန်စွာ နေထိုင်ခဲ့လေတယ် ။
"ယွန်းဂီ... မင်း အသက် ၃၀ ရှိပြီ.... မင်မျိုးရိုးရဲ့ ဆက်ခံသူအတွက် မင်း လက်ထပ်ရမယ်"
ဧည့်ခန်းကျယ်ကြီးထဲတွင် မင်အိမ်တော်၏ သခင်ကြီးက စားပွဲကို ရိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်တယ် ။ ထိုစကားကို ယွန်းဂီ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ဘေးတွင်ထိုင်နေသည့် မိခင်ဖြစ်သူကလည်း စိုးရိမ်တကြီး ကြည့်နေရှာတယ် ။
YOU ARE READING
Against My Heart