ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ Arrival Hall ထဲမှာ လူအုပ်က တိုးဝှေ့နေပေမဲ့ ဆု ကတော့ နံရံတစ်ဖက်နားမှာ ကပ်ရပ်ရင်း သူမလက်ထဲက Project နာမည်ရေးထားတဲ့ စက္ကူဘုတ်ပြားလေးကိုပဲ ငြိမ်ငြိမ်လေး ကိုင်ထားမိတယ်။ ဆု က လူအများကြီးကြားထဲ ရောက်ရင် စကားအများကြီး မပြောတတ်တဲ့ Introvert တစ်ယောက်မို့လို့ အခုလို ထိုင်းနိုင်ငံရုံးချုပ်က လာမယ့် VIP ကို လာကြိုရတဲ့အလုပ်က သူမအတွက် တကယ့်ကို အားစိုက်ရတဲ့ စိန်ခေါ်မှုတစ်ခုပဲ။
"Excuse me... Are you Su?"
ရုတ်တရက် အင်္ဂလိပ်လို မေးလိုက်တဲ့ သြဇာရှိပြီး တည်ငြိမ်တဲ့ အသံကြောင့် ဆု မော့ကြည့်လိုက်တော့ အရပ် ၁၈၆ စင်တီမီတာခန့်ရှိပြီး Smart ဖြစ်တဲ့ ရှပ်အင်္ကျီအနက်နဲ့ ကောင်လေးတစ်ယောက် ဘေးမှာ ခရီးဆောင်အိတ်တစ်လုံးနဲ့ ရပ်နေတာကို တွေ့လိုက်ရတယ်။
သူမထက် အများကြီး အရပ်ရှည်လွန်းလို့ မော့ကြည့်ရတဲ့အပြင်၊ သူ့ရဲ့ စူးရှပြီး တည်ငြိမ်တဲ့ မျက်ဝန်းတွေကြောင့် ဆု ခဏတော့ အသက်ရှူရပ်မတတ် ဖြစ်သွားရတယ်။
"Yes, I'm Su from the Yangon office. You must be Mr. Surf?"
ဆု က ပြန်ဖြေရင်း ခေါင်းညိတ်ပြလိုက်တယ်။
"Yes, nice to meet you, Su. Just call me Surf khrap,"
သူက ခေါင်းလေးအသာညိတ်ရင်း ယဉ်ယဉ်ကျေးကျေးပဲ တုံ့ပြန်တယ်။ ထိုင်းလူမျိုးပီပီ စကားအဆုံးမှာ 'Khrap' ဆိုတာလေး ထည့်ပြောတာကလွဲရင် သူ့ရဲ့ အင်္ဂလိပ်အသံထွက်က တကယ့်ကို သပ်ရပ်လွန်းလှတယ်။
လေဆိပ်ကနေ အဝေးပြေးဂိတ်ကို သွားတဲ့ ကားလမ်းတစ်လျှောက်မှာတော့ နှစ်ယောက်ကြားမှာ ဘာစကားမှ ရှိမလာခဲ့ဘူး။ ဆုကလည်း အလုပ်ကိစ္စကလွဲရင် Personal စကားတွေ စပြောရမှာကို ကြောက်တဲ့ Introvert မို့လို့ ပြတင်းပေါက်အပြင်ဘက်ကိုပဲ ငေးနေမိသလို၊ Surf ကလည်း ဖုန်းထဲက Project အချက်အလက်တွေကိုပဲ အာရုံစိုက်ပြီး ဖတ်နေခဲ့တယ်။
သူတို့သွားရမယ့် Project နေရာက ရန်ကုန်လို မြို့ပြမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရာသီဥတု ကြမ်းတမ်းတဲ့ တောင်ပေါ်ဒေသက ချို့တဲ့တဲ့ ရွာလေးတစ်ရွာ ဖြစ်တာကြောင့် နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ အလုပ်အတွက်ပဲ အပြည့်အဝ အာရုံရောက်နေကြတယ်။
ESTÁS LEYENDO
Love's Soft Echo
Ficción Generalထိုင်လူမျိုး ကောင်လေး Surf နဲ့ မြန်မာလူမျိုး ကောင်မလေး ဆု တို့ NGO Project တစ်ခုမှာ အတူတွဲဖက် တာဝန်ထမ်းဆောင်ရင်း အချင်းချင်း စိတ်ဝင်းစားရာကနေ ချစ်သူတွေ ဖြစ်သွားကြတဲ့ Romantic ဇာတ်လမ်းချိုချိုလေးဖြစ်ပါတယ်။
