Character Introduction❣️
ML - မင်းမြတ်မဟာ
အရပ် - 190 cm ( ၆' ၃" )
အလုပ်အကိုင် - Boxing Class Owner
Stage Name - Leo
ထူးခြားသည့်အရည်အချင်း - ၆နှစ်ဆက်
တိုင်းနှင့်ပြည်နယ် သင်္ချာထူးချွန် ပထမဆု၊
နှစ်ထပ်ကွမ်း UFC Welterweight Champion ၊
မိဘမျိုးရိုး - မိဘမဲ့ ၊ ဘုန်းကြီးကျောင်းသား၊
******
FL - ဧကရီရှင်းသန့်
အရပ် - 180.4 cm ( ၅' ၁၁" )
အလုပ်အကိုင် - International Runway Model
Stage Name - Mira
ထူးခြားသည့်အရည်အချင်း - ကျောင်းပေါင်းစုံ
တင်းနစ်အားကစားပြိုင်ပွဲ ပထမဆု သုံးကြိမ်၊
တစ်ဦးတည်းသော ကျောင်းကောင်စီ အမျိုးသမီး
အတွင်းရေးမှူးဖြစ်ခဲ့သူ၊
၂နှစ်ဆက် ကျောင်းဂုဏ်ဆောင် Cheerleader၊
မိဘမျိုးရိုး - ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးရှင်းသန့်မောင်၏ တစ်ဦးတည်းသော သမီး၊
စာရေးသူ - Character Introductionတွေဆို
တောဆန်တယ်ခံစားရပေမယ့် မဖြစ်မနေ
ဖော်ပြမှာရမှာမလို့ပါ ။ ရေးနေရင်းနဲ့မှ ထည့်ဖော်ပြတာကို စာရေးသူအမြင်အရ မခံစားတတ်လို့ ကြိုပြီး Characterအကြမ်းဖျင်း တင်ပေးထားတာပါ။
မနက်ဖြန် ည ( ၉ )နာရီမှာ အပိုင်း - ၁ စတင်ပေးပါမယ်။ ညတိုင်း ( ၉ )နာရီမှာ တင်ပေးမှာဖြစ်ပြီး
တစ်ခုကြိုပြီး Requestလုပ်ချင်တာက အရင်
ficတွေလို တစ်နေ့တစ်ပိုင်းတော့ တင်ပေးနိုင်ဖို့
အာမ/မခံနိုင်တော့ဘူးနော်။ အဓိကအကြောင်းက
ဒီficကို သေချာစိတ်နှစ်ပြီးရေးချင်တာရယ်၊
မိုးတွင်းကာလရောက်နေပြီမို့ အလုပ်ရှုပ်လာပြီမို့ပါ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ အနည်းဆုံး
၂ရက်တစ်ပိုင်းတော့ တင်ပေးမှာဖြစ်ပြီး
၁ပတ်-၃ပိုင်း ( သူ့ထက် နည်းဖို့မရှိပါ၊ သူ့ထက်
များရင်သာ များပါမယ်၊ နေ့တိုင်းတင်ပေးမယ်ပြောပြီး မတင်ဖြစ်ရင် အားနာရတာမို့
ကြိုပြောပေးထားတာပါ ) ။
ဒီficက Powerful Coupleပါ။ ထပ်ပြောပါမယ်
Powerful Coupleပါ အဲဒါကြောင့် ကျနော်လည်း
အားစိုက်ပြီးရေးရမှာဖြစ်သလို အပိုင်းတိုင်းကို
စာရေးသူနဲ့အတူတူလိုက်ပါပေးနိုင်ရင်တော့
ရေးရတဲ့သူက အားရှိတာပေါ့နော်။
Slay Coupleကိုရေးရမှာ အရမ်းစိတ်လှုပ်ရှားနေပြီ😭
အားလုံး ကျန်းမာချမ်းသာကြပါစေ။
Love You💚💚💚
