မနက်ခင်း အလင်းရောင်က ကျောင်းခန်းထဲကို တဖြည်းဖြည်းဝင်လာတဲ့ အချိန်၊blackboard အောက်မှာ အမြဲတမ်း ရပ်နေတတ်သူဟာ Mr.Park ပဲ ဖြစ်တယ်။
သူဟာ စည်းကမ်းရှိ၊တိတ်ဆိတ်ပြီး တာဝန်ယူတတ်သူ။
စာသင်ခန်းထဲက အရာအားလုံးဟာ သူ့လက်ထဲမှ အစီအစဉ်တကျ ရှိနေတတ်တယ်။
ဒါပေမယ့် သူ့ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ များမလာဘူး-အလုပ်၊တာဝန်၊တိတ်ဆီတ်မှာ...အဲ့ဒီပဲ။
အဲ့ဒီနေ့မှာတော့
သူ့ဘဝထဲကို အပြောင်းအလဲ တစ်ခု ဝင်လာခဲ့တယ်။
Mr.Sim။
"မင်္ဂလာပါ၊ကျွန်တော်က Sim Jaeyunပါ"
စဝင်လာကတည်း မျက်နှာပေါ်မှာ အပြုံးလေးကို ပန်ဆင်လျက်။
သူ့ရဲ့ အပြုံးက အလင်းရောင် တစ်ခုလိုပဲ။
သူဟာ Mr.Parkနဲ့ လုံးဝ မတူဘူး-
လွတ်လပ်တယ်၊ပျော်ပျော်နေတတ်တယ်၊လူတွေကို ရယ်မောစောတယ်။
ပထမဆုံးနေ့ကစပြီး သူတို့နှစ်ယောက်ဟာ တူညီတဲ့ blackboard အောင်မှာ ရပ်ပြီး တူညီတဲ့ ကျောင်းခန်းကို မျှဝေကြရတယ်။
အစမှာတော့ "လုပ်ဖော်ကိုင်ဖက်" ဆိုတဲ့ အဆင့်ပါပဲ။
"ဒီ lesson planကို ဒီလိုပြင်လိုက်ရင် ပိုကောင်းမယ် ထင်တယ်"
"အို ကျေးဇူးပါ Mr.Park"
စကားတွေက အရမ်းတိုလွန်းတယ်-
ဒါပေမယ့် အချိန် တစ်ခု ကြာလာတာနဲ့ အမျှ တစ်ခုခုက ပြောင်းလဲလာတယ်။
မနက်တိုင်း Mr.Simက ကော်ဖီတစ်ခွက်ကို စားပွဲပေါ်မှာ တင်ထားတတ်တယ်။
"မနက်ခင်းက မလွယ်ဘူးနော်"လို့ အပြုံးလေးတစ်ပွင့်နဲ့ ပြောတတ်သူ။
Mr.Parkကတော့
"ကျေးဇူးပါ" ဆိုတာ တစ်ခွန်းပဲ ပြန်ပြောနိုင်တယ်-
ဒါပေမယ့် သူ့နှလုံးသားထဲမှာ မထင်မှတ်ဘဲ နွေးထွေးမှာတွေက တိုးလာတယ်။
တစ်နေ့ ကျောင်းသားတစ်ယောက်က Mr.Sim ကို မေးခဲ့တယ်-
"ဆရာက ဘာလို့ အမြဲတမ်း ပျော်ပျော်နေတတ်တာလဲ"
Mr.Sim က ရယ်ပြီး
"တစ်ေယာက်ယောက်ကို ပျော်ရွှင်စေချင်လို့ပါ" လို့ပြန်ဖြေခဲ့တယ်။
YOU ARE READING
Under The Same Blackboard
General Fictionတစ်ယောက်နဲ့ တစ်ယောက် တိတ်တခိုးလေး ချစ်နေကြပေမယ့် အလုပ်နေရာဆိုတဲ့ အကန့်အသတ်ကြောင့် ဖွင့်ပြောဖို့ ခက်ခဲနေရင်းကနေ မထင်မှတ်ထားတဲ့ အခိုက်အတန့်လေး တစ်ခုကြောင့် နီးစပ်ခွင့် ရသွားတဲ့ ဆရာနှစ်ယောက်။
