1

12 2 0
                                        

မနက်ခင်း အလင်းရောင်က ကျောင်းခန်းထဲကို တဖြည်းဖြည်းဝင်လာတဲ့ အချိန်၊blackboard အောက်မှာ အမြဲတမ်း ရပ်နေတတ်သူဟာ Mr.Park ပဲ ဖြစ်တယ်။

သူဟာ စည်းကမ်းရှိ၊တိတ်ဆိတ်ပြီး တာဝန်ယူတတ်သူ။
စာသင်ခန်းထဲက အရာအားလုံးဟာ သူ့လက်ထဲမှ အစီအစဉ်တကျ ရှိနေတတ်တယ်။
ဒါပေမယ့် သူ့ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ များမလာဘူး-အလုပ်၊တာဝန်၊တိတ်ဆီတ်မှာ...အဲ့ဒီပဲ။

အဲ့ဒီနေ့မှာတော့
သူ့ဘဝထဲကို အပြောင်းအလဲ တစ်ခု ဝင်လာခဲ့တယ်။

Mr.Sim။

"မင်္ဂလာပါ၊ကျွန်တော်က Sim Jaeyunပါ"
စဝင်လာကတည်း မျက်နှာပေါ်မှာ အပြုံးလေးကို ပန်ဆင်လျက်။

သူ့ရဲ့ အပြုံးက အလင်းရောင် တစ်ခုလိုပဲ။

သူဟာ Mr.Parkနဲ့ လုံးဝ မတူဘူး-
လွတ်လပ်တယ်၊ပျော်ပျော်နေတတ်တယ်၊လူတွေကို ရယ်မောစောတယ်။

ပထမဆုံးနေ့ကစပြီး သူတို့နှစ်ယောက်ဟာ တူညီတဲ့ blackboard အောင်မှာ ရပ်ပြီး တူညီတဲ့ ကျောင်းခန်းကို မျှဝေကြရတယ်။

အစမှာတော့ "လုပ်ဖော်ကိုင်ဖက်" ဆိုတဲ့ အဆင့်ပါပဲ။

"ဒီ lesson planကို ဒီလိုပြင်လိုက်ရင် ပိုကောင်းမယ် ထင်တယ်"

"အို ကျေးဇူးပါ Mr.Park"

စကားတွေက အရမ်းတိုလွန်းတယ်-
ဒါပေမယ့် အချိန် တစ်ခု ကြာလာတာနဲ့ အမျှ တစ်ခုခုက ပြောင်းလဲလာတယ်။

မနက်တိုင်း Mr.Simက ကော်ဖီတစ်ခွက်ကို စားပွဲပေါ်မှာ တင်ထားတတ်တယ်။

"မနက်ခင်းက မလွယ်ဘူးနော်"လို့ အပြုံးလေးတစ်ပွင့်နဲ့ ပြောတတ်သူ။

Mr.Parkကတော့

"ကျေးဇူးပါ" ဆိုတာ တစ်ခွန်းပဲ ပြန်ပြောနိုင်တယ်-
ဒါပေမယ့် သူ့နှလုံးသားထဲမှာ မထင်မှတ်ဘဲ နွေးထွေးမှာတွေက တိုးလာတယ်။

တစ်နေ့ ကျောင်းသားတစ်ယောက်က Mr.Sim ကို မေးခဲ့တယ်-

"ဆရာက ဘာလို့ အမြဲတမ်း ပျော်ပျော်နေတတ်တာလဲ"

Mr.Sim က ရယ်ပြီး

"တစ်​ေယာက်ယောက်ကို ပျော်ရွှင်စေချင်လို့ပါ" လို့ပြန်ဖြေခဲ့တယ်။

Under The Same BlackboardWhere stories live. Discover now