Don't Touch Our Bunny
အခန်း(၁)
လွန်ခဲ့သော 20နှစ်ခန့်.....
မှောင်မိုက်နေတဲ့ အဲဒီမိုးအေးအေးညဟာ ဂျွန်အိမ်တော်ရဲ့ ပျော်ရွှင်မှုတွေ အကုန်လုံး ရုတ်တရက် ရပ်တန့်သွားခဲ့တဲ့ ညပါပဲ။
ဆေးရုံစင်္ကြံလမ်းရဲ့ အေးစက်စက် အလင်းရောင်အောက်မှာ အသက် 15နှစ်အရွယ် အကြီးဆုံးကိုကိုကြီး ဆော့ဂျင် တစ်ယောက် မျက်နှာဖြူဖျော့ပြီး ထိုင်နေပြီး သူ့ရဲ့ လက်ချောင်းတွေဟာ တုန်ရီနေပြီး မျက်ဝန်းတွေကတော့ အသက်မဲ့နေသလိုပဲ။
ပါးပါးနဲ့ မားမားကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ သတင်းဆိုးက သူ့ကမ္ဘာကြီးကို ပြိုလဲစေခဲ့ပေမဲ့ ခွဲစိတ်ခန်းရှေ့မှာ တရှုံ့ရှုံ့ငိုနေကြတဲ့ ညီလေး ၄ ယောက်ရဲ့ အသံတွေကြောင့် သူ အားတင်းထားရရှာတယ်။
"တိုတိုကြီး... အငယ်ရေးကောဟင်... ညီလေးရော ...အဟင့် "
အသက် 5 နှစ်အရွယ် ဂျီမင်လေးက စကားမပီတပီလေးဖြင့် ဆော့ဂျင်ရဲ့ အင်္ကျီစကို ဆွဲပြီး မျက်ရည်တွေကြားကနေ တောင်းတတကြီး မေးလာတဲ့အခါ ဆော့ဂျင်မှာ အားတင်း ပြုံးပြပြီး ဂျီမင်လေးကို ဖက်ထားရုံအပြင် မတတ်နိုင်ခဲ့ဘူး။
အဲဒီအချိန်မှာ ခွဲစိတ်ခန်းတံခါး အပေါ်က "Operating" ဆိုတဲ့ မီးနီလေး ငြိမ်းသွားတာနဲ့ အသက် 12နှစ်အရွယ် ယွန်းဂီ က အပြေးအလွှား သွားမေးတော့တာပဲ။
ယွန်းဂီရဲ့ မျက်လုံးလေးတွေထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပေမဲ့ သူဟာ ညီလေးတွေရှေ့မှာတော့ ကြံ့ကြံ့ခံနေခဲ့တာ။
"ကျွန်တော်တို့ ညီလေး... အဆင်ပြေတယ်မလား ဟင် ဒေါက်တာကြီး"
ယွန်းဂီရဲ့ အသံက တိုးဝင်သွားပေမဲ့ ဆရာဝန်က သက်ပြင်းချပြီး ပြုံးပြလိုက်မှ အားလုံး ရင်ထဲက အလုံးကြီး ကျသွားတော့သည်။
"ကံကောင်းလိုက်တာ ကလေးတို့ရယ်... ညီလေးက တကယ့်ကို ကံကောင်းတဲ့ကလေးလေးပါ"
"ကားမှန်စတွေကြားမှာ ပွတ်ကာသီကာလေးနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာ။ ဒါပေမဲ့ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာလေးတွေ နည်းနည်းရသွားတယ်... အခုတော့ စိတ်ချရပါပြီ"
YOU ARE READING
Don't Touch Our Bunny
FanfictionTop:Kim Taehyung Bottom:Jeon Jungkook "မင်းကို ကမ္ဘာကြီးနဲ့ ဝေးရာကို ငါခေါ်သွားမယ်... မင်းအစ်ကိုတွေ မမြင်နိုင်တဲ့နေရာပေါ့။"
