အပိုင်း(၁)

426 21 3
                                        

"သတို့သား ထျန်းရွှီနင်သည် သတို့သား ကျစ်ယွီအား ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ သက်ဆုံးတိုင်ရိုးမြေကျ အတူတကွလက်ထပ်ပေါင်းသင်းသွားဖို့အတွက် ကတိပြုပါသလား"

"ကျွန်တော့အသက်နဲ့ရင်းပြီး ကတိပြုပါတယ်"

"သတို့သား ကျစ်ယွီသည် သတို့သား ထျန်းရွှီနင်အား ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ သက်ဆုံးတိုင်ရိုးမြေကျ အတူတကွလက်ထပ်ပေါင်းသင်းသွားဖို့အတွက် ကတိပြုပါသလား"

"ကျွန်တော့်ဘဝနဲ့ရင်းပြီး ကတိပြုပါတယ်"

"သတို့သားနှစ်ယောက်ရဲ့ပြင်းပြသော ကတိပြုမှုနှင့်အတူ မင်္ဂလာပွဲအထမြောက်ပြီးစီးသွားပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာအပ်ပါတယ်!"

ဖြောင်း! ဖြောင်း! ဖြောင်း! ဖြောင်း!

လက်ခုပ်ဩဘာသံတညံညံဟာ ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းသံတွေနှင့်အပြိုင် သက်ဝင်ညံစီနေပါသည်။

ပင်လယ်ကိုဖြတ်ပြီးတိုက်ခတ်လာသည့် အအေးဓာတ်လွန်ကဲသောလေတဖြူးဖြူးဟာ အခမ်းအနားရဲ့အဆင်တန်ဆာဖြစ်တဲ့ မိုးပြာရောင်ပုဝါစတွေအား ကဗျာဆန်ဆန်လူးလွန့်နေစေသည်။

အပြာနုရောင်ကို အများဆုံးကိုယ်စားပြုထားသည့် အခမ်းအနားကို ဧည့်သည်အနေဖြင့်ပါဝင်တင်ဆက်နေတာကတော့ အဝါရောင်မိုးပျံပူဖောင်းလေးတွေပဲဖြစ်သည်။

ဧည့်ပရိတ်သတ်ရှေ့ လက်ချင်းခိုင်မြဲစွာတွဲထားပြီး အပြုံးပန်းတွေဝေဆာနေသည့် သတို့သားနှစ်ယောက်ဟာ အခမ်းအနားအပြင်အဆင်နှင့်သင့်မြတ်သော အဖြူရောင်suitဆင်တူဖြင့် လိုက်ဖက်တင့်တယ်စွာရှိနေကြသည်။ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်အပေါင်းဟာလည်း အဖြူ အပြာ အဝါ စသဖြင့် အရောင်ဖျော့တွေကိုသာအသားပေးဝတ်ဆင်ထားကြပါသည်။

ယခုနေ့ ယခုအချိန်အခါဟာ တိမ်ကင်းစင်သောကောင်းကင်ပြာကိုအမိုးတစ်ခုသဖွယ်သဘောထား၊ အဖြူရောင်လှိုင်းလုံးတွေတဝုန်းဝုန်းရိုက်ခတ်နေသည့်ပင်လယ်ပြာကို နံရံတစ်ခုသဖွယ်သတ်မှတ်ပြီး ချစ်ခြင်းမေတ္တာတို့အပြည့်လွှမ်းခြုံသည့် မင်္ဂလာအခမ်းအနားတစ်ခုကိုကြည်နူးဖွယ်ရာကျင်းပနေသည့် အခါသမရဖြစ်ပေသည်။

Hold My Hand Until The Sun Rises Cerita yang buat anda obses. Terokai sekarang