အပိုင်း (၂၅)
လင်ချင်းလဲ့သည် ယနေ့တွင် ဤမျှသောလူများစွာနှင့် အတူတူစားသောက်ရမည်ဟု မထင်ထားခဲ့ပေ ၊ ရွှီထင်းပိုင် စိတ်မသက်မသာဖြစ်မှာကို သူမစိုးရိမ်နေတာကြောင့် ဘယ်သူမှဂရုမစိုက်ချိန်တွင် တိတ်တိတ်လေး ပြောလာသည်။
"ငါတို့ ဒီမှာမစားသင့်ဘူး ငါတို့အရင်ထွက်သွားလို့ရမလား?"
ရွှီထင်းပိုင် တကယ်ကို စိတ်မသက်မသာဖြစ်နေသည်။ လူတွေအများကြီးနဲ့ နေရတာကို သူ မကြိုက်ဘူး ၊ သို့သော် လင်ချင်းလဲ့သည် ဤစားသောက်ဆိုင်တွင် စားရန် အမှန်တကယ် စိတ်အားထက်သန်နေကြောင်း သူသိထားပြီး ဤနေရာရှိ လူအများစုသည် သူမ၏သူငယ်ချင်းကောင်းများဖြစ်ကြောင်း သူနားလည်ပါသည်။ ထို့ကြောင့် သူက သူမအား စိတ်မပျက်စေချင်သလို သူ့ကြောင့် စိတ်ပျက်သွားအောင်လည်း တွန်းအားမပေးချင်ပါ။
"အဆင်ပြေပါတယ် မင်း အရင်စားလိုက်"
"အိုး...."
"မင်း ပူတင်းမှာထားတာ မဟုတ်ဘူးလား"
ယွီကျားယိုသည် လင်ချင်းလဲ့ အမှတ်အသားပြုထားသော မီနူးကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ငါတို့နှစ်ယောက်အတွက် လုံလောက်နေအောင် မှာထားပြီးပြီမလို့ ငါတို့ထပ်မမှာတော့ဘူး ၊ အခု နင်တို့ကြိုက်သလောက် မှာလို့ရတယ်"
"ဒါဆို ငါ ပူတင်းနည်းနည်းမှာလိုက်မယ် ချင်းလဲ့ မင်းစားကြည့်သင့်တယ် ၊ ဒီမှာ ပူတင်းက တကယ်စားကောင်းတယ်"
"အင်း အေးပါ"
ခဏကြာတော့ ယွီကျားယိုက မေးလာ၏။
"မင်း ရေခဲမုန့်စားချင်လား"
လင်ချင်းလဲ့သည် သူက သူမကိုကြည့်နေသည်ကို သတိပြုမိသောကြောင့် ခေါင်းယမ်းပြလိုက်သည်။
"မစားတော့ဘူး ကျေးဇူးတင်ပါတယ်"
လင်ချင်းလဲ့၏အာရုံသည် ရွှီထင်းပိုင်အပေါ်တွင်သာ ၊ ဤမျှလောက်များသောလူများ အနားတွင်ရှိနေရန် နေသားမကျဖြစ်နေမှာကို သူမ စိုးရိမ်နေမိသည်။
"ဒီနံရိုးက အရမ်းအရသာရှိတယ်"
သူ့ပန်းကန်ပြားပေါ် တစ်ခုထည့်ပေးရင်း သူမက စကားဆို၏။ ရွှီထင်းပိုင် ဘာမှမပြောဘဲ သူမ ထည့်ပေးတဲ့ဟာကို သဘာဝကျကျ ကောက်ကိုင်လိုက်ပြီး ကိုက်လိုက်သည်။
YOU ARE READING
လမ်းပြကြယ်
RomancePaid gp Completed ✅ ရွှီထင်းပိုင် + လင်ချင်းလဲ့ စိတ်အားငယ်တတ်ပြီး မျက်မမြင်ကောင်လေး ML Vs နွေးထွေးကြင်နာတတ်တဲ့ FL (၇၄) ပိုင်း
