သားကြီးကို အနမ်းတွေပေးရင်း ပါးဖောင်းဖောင်းလေးကိုလည်း မနာအောင် ကိုက်လိုက်သေးသည်။ သားအဖတွေကို အခန်းအကွယ်လေးကနေ ကြည့်ရင် ပုံ ပြုံးနေမိသည်။
"အာ့ချို မာမီကရော ဒယ့်ရဲ့ ဘာရဲ"
"မင်းတို့မာမီက ဒယ်ဒီရဲ့ နှလုံးသား တခုလုံးပေါ့ကွ မင်းတို့က အသဲတခြမ်းစီ ရပီးပီ ငါ့မိန်းမကို နှလုံးသား တခုလုံး ပေးမှာ နော် သမီးရာ ပြောလိုက် တိုတို မနာလိုမဖြစ်နဲ့ရို့ "
"ခ်ခ်"
သားလေးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေနဲ့ သမီးငယ်လေးရဲ့ ရယ်သံတွေက မားတို့ရဲ့ အခန်းလေးထဲမှာ ပျံ့နှံလို့ရယ်ပါ။ ပုံက အခန်းလေးထဲက ထွက်လာပီး မီးဖိုချောင်မှာ သားကြီးအတွက် နွားနို့ဖျော်ရန် ပြင်ဆင်နေတုန်း မားက ပုံ့ရဲ့ ခါးလေးကို နောက်ကျောကနေ သိုင်းဖက်လာပီး ဆံပင်လေးတွေကို အမြတ်တနိုးငုံ့နမ်းသည်။
"မိန်းမ ဘာလုပ်"
"သားကြီးအတွက် နို့ဖျော်ပေးနေတာ ကလေးတွေ အိပ်သွားပီလား"
"သမီးငယ်က အိပ်သွားပီ သားကြီးက YouTube ခနကြည့်နေတယ်"
" ဪ အင်း အင်း"
"ဒါနဲ့ အမေရော တရားစခန်းက ဘယ်တော့ ပြန်လာမှာတဲ့လဲ"
"မေမေက ပျော်သလောက်နေမှာတဲ့ သူ့မြေးတွေကို သတိရတဲ့အခါလောက်တော့ ပြန်လာမယ်လို့ ပြောသွားတယ်"
"ကောင်းပါတယ် အမေလည်း တကယ့်အေးချမ်းရာကို ရှာတွေ့သွားတာ"
"ဟုတ်တယ် ကိုရယ် မေမေ့အတွက် ပုံ ဝမ်းသာပါတယ်"
"အမေ့...."
နွားနို့ခွက်လေးကိုကိုင်ကာ ပုံ လှည့်အထွက် လူက မိုက်ခနဲ ဖြစ်သွားသည်။ မား အမြန်ထိန်းလိုက်လို့သာ တော်တော့သည်။
"ပုံ မိန်းမ အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ"
"မသိပါဘူး မနက်ကတည်းက မူးနောက်နောက်တော့ ဖြစ်နေတာ"
"မိန်းမ မင်း ကိုယ်ဝန်ရှိနေပြန်ပီလား မသိဘူး"
"ဟင်!!"
ပုံ ရက်တွေကို ပြန်တွက်ကြည့်လိုက်တော့ ကိုယ်ဝန်ဖြစ်နိုင်ချေက 80%ထက်မနည်းပေ။
"ဟားဟား ကို့မိန်းမ ရှင်မွေးလွန်း လေး"
"ရှင်နော် လူကို လာပီးတော့ အဲ့ဒါ ဘယ်သူကြောင့်လဲ"
"ဟုတ်ပါတယ် ကို့ကြောင့်ပါပဲဗျာ ဘာပဲဖြစ်ဖြစ် ကိုကတော့ ဝမ်းသာတယ် သားကြီးနဲ့ သမီးငယ်အတွက် နောက်ထပ် အငယ်လေး ထပ်ရတော့မယ် ဟား"
"ပျော်နေလိုက် အဲ့မှာ အခုတောင် သားရော သမီးရော သောင်းကျန်းရင် ပုဆိုးမနိုင်တာ နောက်တယောက်သာ ရလို့ကတော့ ရှင် ဆံပင်တောင် ကျန်မှာ မဟုတ်ဘူး"
"ဘာဖြစ်ဖြစ်ကွာ ကို့သားသမီးတွေ ဆိုးလို့ကတော့ ကြိုက်သလောက်ဆိုးပါစေ ရိုင်းစိုင်းနေတာမှ မဟုတ်တာ မွ မွ ကို့မိန်းမလေးကို အရမ်းချစ်တယ်နော် ပြွတ်စ်"
ပုံ့နှုတ်ခမ်းလေးတွေ နွေးသွားရသည်။ အိမ်ထောင်သက် နှစ်နှစ်ကျော်မှာ ကလေး သုံးယောက် ပိုင်ဆိုင်ထားပေမဲ့ မားရဲ့အချစ်တွေရော အနမ်းတွေရောက ပုံ့အတွက် လတ်ဆတ်နေဆဲပင်။ နောက်လည်း ဒီလိုပဲ ဆက်ချစ်ပေးပါ သားဖေဖေရယ် ဟုသာ ပုံ့ရင်ထဲ တီးတိုးလေး ရေရွတ်နေမိသည်။
"ကို့ကို အရမ်းချစ်တယ်"
The End
ချစ်ခြင်းဖြင့် လှပတဲ့ကမ္ဘာလေး တခု တည်ဆောက်နိုင်ကြပါစေနော်
ချစ်တဲ့
Winne 🍀🍀🍀
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
ငြိုးသူ့အနမ်း
Romanceအဖေရဲ့မယားငယ်က ကိုယ့်နဲ့အသက်တူရွယ်တူ ကျောင်းနေဘက် ဖြစ်နေတဲ့အပြင် ကိုယ့်ကိုပါ မြှူဆွယ်ချင်နေလို့ ရွံမုန်းနေတဲ့ ဘုန်းရှိန်မြင့်မား အမဖြစ်သူရဲ့ကြိုးဆွဲရာအရုပ်လေးလို နေခဲ့ရပြီး ဘဝကို ရိုးရိုးလေးပဲ တွေးထင်ကာ မိဘအပေါ်ကျေးဇူးသိတတ်တဲ့ ပုံပမာနွယ် ခေါ် ပုံပု...
Part - 20 Final 🚨🚨
Start from the beginning
