Part - 4 🚨

193 7 0
                                        

"ဟေ့ ဒါ ဘာလုပ်နေကြတာလဲ ခု ရပ်စမ်း"

ဘုန်းရှိန်မြင့်မား အိပ်ရာက နိုးနိုးချင်း ဆူဆူညံနေတဲ့အသံတချို့ကြောင့် အခန်းပြင်ထွက်လာပီး လှေကားကနေ အောက်ကို ငုံ့ကြည့်လိုက်စဉ် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဒေါသက ငယ်ထိပ်တက်သွားရသည်။

"‌ဪ သား မင်းနိုးပီလား ဒက်ဒီ မင်းနဲ့သူတို့ကို မိတ်ဆက်ပေးမယ် ဆင်းလာခဲ့ဦး"

ဦးမိုးမြင့်မားကတော့ သားရဲ့ဒေါသကို မသိကျိုးကျွံပြုကာ အေးဆေးသောအပြုံးနဲ့ ခေါ်လိုက်သည်။ မား ကြမ်းတမ်းသော ခြေလှမ်းများနဲ့ အောက်ကို ဆင်းလာကာ

"ဒက်ဒီ ဒါ ဘာလုပ်တာလဲ ‌ကျနော် အတန်တန် ပြောထားရဲ့သားနဲ့"
"မား မင်းဒေါသ ခနလျှော့ ဒက်ဒီ မင်းနဲ့ မိတ်ဆက်ပေးမယ် ဒါက ဒက်ဒီရဲ့အိမ်ထောင်ဘက် ခင့်မျိုးနွယ် တဲ့ ဒါက ခင့်ရဲ့အမေနဲ့ညီမလေး ဒေါ်ပန်းမြတ်နွယ် နဲ့ ပုံပမာနွယ် တဲ့"
"ဒက်ဒီ....ဒါ"
"ခနလေး နေဦး ဒက်ဒီပြောတာ ဆုံးအောင် နားထောင် ပီးမှ မင်း ဆက်ပြော ဟုတ်လား"

မား ဒေါသတအားထွက်နေပေမဲ့ သူစိမ်းတွေရှေ့မို့  ခနငြိမ်နေလိုက်သည်။

"ခင်လေးနဲ့ သားနဲ့က အသက်တူမယ်ထင်တယ် သားလည်း 22နှစ်ဆိုတော့လေ"
"အဟင်း..တူတာပေါ့ အကိုကြီးရဲ့ အသက်တင် ဘယ်ကမလဲ ကျောင်းပါတူနေတာ ခင်နဲ့ ဘုန်းရှိန်နဲ့က တမေဂျာတည်းလေ ဟုတ်တယ်မလား ဘုန်းရှိန် တွေ့ရတာ ဝမ်းသာပါတယ်နော်"

ခင့်မျိုးနွယ်က "နင် မြင်ပီမလား ငါ့ကိုအထင်သေးခဲ့ကောင်" ဆိုသည့်အကြည့်မျိုးနဲ့ အပြုံးတု တခုကို ဖန်တီးပီး ဘုန်းရှိန်မြင့်မားကို နှုတ်ဆက်လိုက်သည်။

"မင်း... မင်း မိန်းမယုတ်ပဲ ဘာလဲ ငါ့ကို မရလို့ ငါ့အဖေကို အပိုင်ကြံတာလား ဟင် ပြောစမ်း မိန်းမယုတ်"

ခင့်မျိုးနွယ် မျက်နှာကြီး မဲမှောင်ကျသွားသည်။ အလွန်အင်မတန် ‌စိတ်တိုသွားပေမဲ့ ဒေါသကို အလျင်အမြန် ဖုံးလိုက်ပီး ရယ်သွမ်းသွေးကာ

"အယ်.. ဘုန်းရှိန်ရယ် နင်ကလည်း ပြောတော့မယ် ဟိုတုန်းက ငါ ငယ်တဲ့စိတ်မို့ ရူးခဲ့တာပါဟယ် အကိုကြီးအပေါ်မှာ ငါ တခါမှ မာယာ မသုံးခဲ့ဖူးဘူး အကိုကြီး အသိဆုံးပါနော်"
" မင်း ... မိန်းမယုတ်မ"
"တော်စမ်း ဘုန်းရှိန်မြင့်မား မင်းစကားတွေ လွန်နေပီ ဟိုတုန်းက ဘာဖြစ်ခဲ့ ဖြစ်ခဲ့ အခုချိန်မှာ ခင်က ငါ့မိန်းမ ဖြစ်နေပီ သူ ဒီအိမ်ပေါ်မှာပဲ လာနေလိမ့်မယ် ဒါငါ့အမိန့်ပဲ"
"တောက်.... ကဲကွာ"

ငြိုးသူ့အနမ်းحيث تعيش القصص. اكتشف الآن