Part - 20 Final 🚨🚨

88 5 0
                                        


"ဩဇီကို တကယ်သွားမှ ဖြစ်မှာလား မမရယ်"

"မမ သွားချင်လို့ပါ ပုံရယ် မေမေ့ကို မမကိုယ်စား‌ စောင့်ရှောက်ပေးနော်"

"မမလည်း ဒီမှာ တူတူနေရင်း စောင့်ရှောက်လို့ရတာပဲ"

ဩစတေးလျကို ပညာသွားသင်ရန် အထုပ်အပိုးတွေ ပြင်ဆင်နေသည့် အမဖြစ်သူ ခင့်မျိုးနွယ်ကို ပုံက မျက်ရည်လေး ဝဲကာ မသွားဖို့ ပြောနေရသည်။

"ပုံရယ် မမ အသက်က အခုမှ 30တောင် မပြည့်သေးဘူး မမ ဝါသနာပါတဲ့ ပညာရပ်ကို သင်ချင်လို့ပါ ပီးတော့ ကမ္ဘာအနှံ့ ခရီးတွေ သွားချင်သေးလို့ ရှင်လေးက စောင့်ရှောက်ပေးမယ့် ပီးတော့ ခြေချုပ်ထားမယ့် ယောင်္ကျားရှိတယ် ကျမက အခုမှ လွတ်လပ်တာပါနော် ဟိ ပြောသာ ပြောရတယ် ဘုန်းရှိန်ရောက်လာရင် ငါ့ကို ဆူပုပ်ပြနေဦးမယ်"

"မဟုတ်တာ မမရယ် သူလည်း မမနဲ့ပတ်သက်တဲ့ အာဃာတတွေ လျှော့နေပါပီ ဟိုနေ့ကတော့ မင်းအမ ဘယ်နေ့သွားမှာလဲတဲ့ မေးနေသေးတယ်"

"အေးပါ ရှင်လေးတို့ နောက်ထပ် ကလေးမွေးရင် အကြောင်းကြားလိုက် မမ ပြန်လာခဲ့မယ်"

"ဟင် မမက ဒီကြားထဲ ပြန်မလာတော့ဘူလား"

"အခြေအနေ အရပေါ့ ပုံရယ် ရှင်တို့က နောက်တနှစ်လောက်နေရင် ကလေးထွက်လာမယ့် လင်မယားတွေဟာကို ညတိုင်း သောင်းကျန်းနေတာ"

"အို မမကလည်း တကယ်ပဲ"

ညတိုင်း မားတို့အခန်းက ခိုးခိုးခစ်ခစ် ရယ်သံတွေကိုကြားမိတာကြောင့် ခင့်က ပုံ့ကို စနေခြင်းဖြစ်သည်။ ပုံက မျက်နှာလေးကို ရဲလို့။
======

"မင်းအမသွားပီလား ပုံ"

"အင်း သွားပီလေ မနက်က 10နာရီ flight နဲ့ သွားတယ်"

ပုံက သားငယ်လေးကို ချိုချိုတိုက်ပီးလို့ ချော့သိပ်နေသည်။ မားကတော့ ပုံ့ဘေးမှာ ဝင်လှဲကာ ပုံ့ခါးလေးကို ဖက်လိုက်လေသည်။

"အို ဘယ်လိုဖြစ်လို့ ကပ်သီးကပ်သပ် ဝင်တိုးအိပ်နေတာလဲ ဟိုဘက်မှာ နေရာအကျယ်ကြီးဟာကို"

"ဟာ မအိပ်ချင်ပါဘူး အဲ့ဘက်မှာ ဖက်စရာ သားသားက ပိစိလေးရှိသေးတာ အားမရဘူး ကို့မိန်းမကို ဖက်မှ အားရှိတာ"

ငြိုးသူ့အနမ်းWhere stories live. Discover now