Part - 3 🌠

44 9 24
                                        

လျိုဆွေဖုန်းနဲ့ ချိုးရွေးတို့နှစ်ယောက်ကြား ပထမတစ်ခေါက်လောက် စိမ်းသက်မနေတော့ပါ။ လျိုဆွေဖုန်းသည် ရှောင်းအိမ်တော်၌ ရက်အနည်းငယ်လောက် ဒဏ်ရာကုသရင်းနေမည်ဖြစ်ကြောင်း ရှောင်းသခင်ကြီးနဲ့ သခင်မတို့အား ကိုယ်တိုင်ခွင့်တောင်းခဲ့လေသည်။

ရှောင်းသခင်ကြီး သခင်မနှင့် ရှောင်းအိမ်တော်မှ လူအားလုံးသည် သူ့အားကြည်ဖြူပါသော်လည်း ရှောင်းအိမ်တော်မှ ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့သည်တော့ သူ့အားသဘောကျပုံမပေါ်ပါချေ။

လျိုဆွေဖုန်းသည်ဒါကိုသိပါသော်လည်း သူသည်ရက်အနည်းငယ်သာနေပြီး နောက်တစ်ခါထပ်တွေ့ရမည့်လူတွေမှမဟုတ်တာကြောင့် အထူးတလည်ဂရုမစိုက်မိပါချေ။

ချိုးရွှေသည်တော့ စားစရာတို့နှင့်အတူ သူ့အခန်းဆီရောက်လာတတ်ပြီး ချိုးရွှေရဲ့သူငယ်ချင်းတို့ပင်ပါလာတတ်လေသည်။

လျိုဆွေဖုန်းသည် ဂိုဏ်းချုပ်လက်အောက်၌သာကြီးပြင်းလာသူဖြစ်တာကြောင့် ဂိုဏ်းချုပ်မှအပ တခြား လူတို့နှင့် ရင်းနှီးကျွမ်းဝင်စွာ နီးနီးကပ်ကပ်နေခြင်းမျိုး မရှိပါချေ။

ထို့ကြောင့်အသားမကျပါသော်လည်း အလိုက်သင့်လေးနေပေးနေလေသည်။ ဒါကိုသတိထားမိသည့်ချိုးရွှေသည်တော့ သူ့သူငယ်ချင်းတွေအား အခန်းထဲမှ အတင်းတွန်းထုတ်လို့နှင်ထုတ်လိုက်လေသည်။

အခန်းတံခါးအားပြန်ဆွဲပိတ်လိုက်ပြီးနောက်တော့
စားပွဲဝိုင်း၌ ထိုင်နေတုန်းဖြစ်သည့် လျိုဆွေဖုန်းအားလှည့်ကြည့်လိုက်ပြီး အား‌နာနေဟန်နဲ့

"စိတ်မရှိပါနဲ့ သူတို့က ဒီလိုပဲပျော်တတ်လို့ပါ မင်းကိုအနှာက်အယှက်ပေးချင်လို့မဟုတ်ပါဘူး"

"ငါစိတ်ထဲမထားပါဘူး ငါကရှောင်းအိမ်တော်မှာခိုလှုံနေတာ ဒီလောက်သေးငယ်တဲ့ကိစ္စလောက်နဲ့ စိတ်မကွက်တတ်ဘူး"

"ဒါဆိုကျေးဇူးပဲနော် ငါကမင်းစိတ်ကွက်နေမှာစိုးနေတာ အော် ဒါနဲ့ ညနေကျရင် စားသောက်ပွဲရှိတယ် အမေကမင်းကိုပါခေါ်လာခိုင်းတယ်"

"စားသောက်ပွဲ?"

"နှစ်သစ်ကူးလေ မိသားစုညစာ အမေက ဒီလိုနေ့မှာ မင်းတစ်ယောက်တည်းဖြစ်မှာစိုးနေတာ"

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

နေရောင်အောက်မှာတောက်ပတဲ့ ကြယ်Where stories live. Discover now