"လိုက်ကြစမ်!!"
"မလွတ်စေနဲ့!!"
အမိန့်ပေးအော်သံနဲ့အတူ ပစ်လွှတ်လိုက်သည့် မြားတို့သည် ကျောက်စိမ်းရောင်ဝတ်စုံအားရိုးရှင်းစွာဝတ်ဆင်ထားသည့် လူငယ်ဆီဦးတည်လျက်။
ပြေးနေတဲ့အရှိန်နဲ့လေဟာနယ်ထဲ တစ်ပတ်လှည့်လို့
ပစ်ဝင်လာတဲ့မြားတွေကိုရှောင်လိုက်ပေမယ့် တစ်ချောင်းသည်တော့ ပခုံးထက်ရှပ်ထိသွားရလေသည်။
မြေပြင်ပေါ်လဲကျတော့မယ့်ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလို့ လက်တစ်ဖက်အားမြေပြင်ပေါ်ထောက်ထားရင်း ပခုံးထက်သွေးတို့ဆိမ့်ကျနေတဲ့ ဒဏ်ရာကိုတစ်ချက်ကြည့်မိပြီး မျက်ခုံးတန်းလှလှတို့အား တွန့်ချိုးလိုက်မိသည်။
ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားတို့သည်လည်း မတည်ငြိမ်တော့သလို မြားခေါင်းမှပါလာသည့်အဆိပ်သည်လည်း သူ့ကိုယ်ထဲသို့ပျံနှံ့လို့နေလေပြီ။
နောက်တော့သူ့အရှေ့ကအနတ်ဝတ်တို့နှင့်
လူအုပ်ကိုစူးစူးရဲရဲကြည့်လိုက်ပြီး
"ကိုယ့်သေလမ်းကိုရှာနေတာ!"
"လျိုဆွေဖုန်း မင်း ဂိုဏ်းချုပ်နားမှာကပ်တွယ်နေတာ ဒီလောက်ကြာနေပြီ အခုသွားသေလိုက်တော့"
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
(လျိုဆွေ့ဖုန်း)
ပစ်ဝင်လာတဲ့မြားတို့နှင့်ဓားရှည်တို့အား အလျှင်အမြန်ရှောင်ရှားလို့ သူ၏လက်ဆွဲတော်ဖြစ်သည် ယပ်တောင်ဖြူနှင့် တစ်ချက်ရိုက်ချလိုက်ပြီးနောက်တော့ မြေပြင်ထက်လဲကျလို့ သွေးတစ်ပွတ်အန်ထုတ်လိုက်မိသည်။
မော့ကြည့်လိုက်တော့ ဓားတစ်ချောင်းနဲ့ သူ့ဆီဦးတည်တိုးဝင်လာတဲ့ လူတစ်ယောက်။ လက်ကိုဆန့်တန်းလို့ ကာဆီးရန်ကြိုးစားလိုက်ပါသော်လည်း လက်တစ်ဖက်မှာလဲမကျစေရန်မြေပြင်ပေါ်ထောက်ထားရပြီး ယပ်တောင်ကိုင်ထားသည့် ကျန်တစ်ဖက်သည်တော့ လှုပ်ရှား၍မရတော့ပါချေ။
YOU ARE READING
နေရောင်အောက်မှာတောက်ပတဲ့ ကြယ်
Fanfictionချစ်ခြင်းတွေကိုအဓိပ္ပာယ်ဖွင့်ဖို့ဆို ရာထောင်ချီတဲ့ ဒီစကားလုံးတွေက မပြောပလောက်ပါဘူး။ လျို့ဆွေ့ဖုန်း × ရှောင်ချိုးရွှေ × လီချန်းကျိုး သဘောကျမှဖတတ်ပါ။ Start Date "26.9.2025" (Fri) End Date.. ~~~~~~~~~~~~~~~~~~~~~~~~~~
