Intro

935 60 20
                                        

သူ စာအုပ်ကို ဖြည်းညှင်းစွာ လှန်ကြည့်လိုက်သည်။ စာအုပ်ထဲမှာ တည်ကြည်တဲ့ မျက်လုံးတွေ ပေါ့ပါးသွက်လက်တဲ့ အမူအရာနဲ့ စက္ကူတိပ်နဲ့ကပ်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံလေးက သူ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ ဒီမျက်နှာကို သူ ဘယ်တုန်းကမှ မမြင်ဖူးပေမယ့် ရုတ်တရက် ရင်းနှီးတဲ့ ခံစားချက်တစ်ခုက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။

​သူ စာတွေ ဆက်ဖတ်ကြည့်တော့မှ ဇာတ်လမ်းက တဖြည်းဖြည်း ရှင်းလင်းလာသည်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ဆီက ရေးခဲ့တဲ့ ဆယ်ကျော်သက်လေး‌တစ်‌ယောက်ရဲ့ ကြောက်ရွံ့မှုများ။

​နိုဝင်ဘာ ၃ ရက်: "ဒီနေ့ ငါ အိမ်တံခါးကို‌ သော့ခတ်ဖို့ မေ့သွားလို့ မား အရမ်း စိတ်ဆိုးသွားတယ်။ ငါ ရယ်ရမလား ငိုရမလား မသိတော့ဘူး။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေက အကြိမ်ရေ ပိုများလာတယ်။ ငါ့ခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲ..."

​ဒီဇင်ဘာ ၂၄ ရက်: "ဆရာဝန်က Early-Onset Alzheimer's Disease လို့ ပြောတယ်။ အဲဒီနာမည်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငါ မသိချင်ဘူး။ မမေ့ချင်တဲ့အရာတွေကို ချရေးထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ငါ့အချစ်ဆုံးခွေးလေးရဲ့ နာမည်၊ ငါ့မားရဲ့ အပြုံး၊ ပြီးတော့ ငါ့ဘဝမှာ အရေးကြီးဆုံးဖြစ်လာမယ့် သူရဲ့ ပုံရိပ်..."

သူ့လက်ထဲက ဒိုင်ယာရီဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဆယ်ကျော်သက်တစ်ယောက်ရဲ့ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်မရှိခြင်းတို့နဲ့ ပြည့်နှက်နေတာကို ခံစားရသည်။ ကောင်လေးရဲ့ စိတ်ခံစားမှုတွေက စာရွက်ပေါ်ကနေတစ်ဆင့် သူ့ရဲ့ ရင်ထဲကို စီးဝင်လာသလိုပင်။

​သူ မျက်ရည်တွေကို စာရွက်ပေါ် မကျအောင် ထိန်းရင်း နောက်ဆုံးစာမျက်နှာဆီ ရောက်သွားသည်။ စာကြောင်းတွေက ပိုတိုလာပြီး လက်ရေးတွေက ပိုပြီး တွန့်လာသည်။

​"ဒီနေ့... ငါ ဘယ်သူလဲဆိုတာ ငါ့ကိုယ်ငါ မမှတ်မိတော့ဘူး... ငါ့နာမည်ကိုလည်း မမှတ်မိတော့ဘူး... ဒါပေမဲ့ ငါ တစ်ခုခုကိုတော့ စောင့်နေတာပဲ... တစ်စုံတစ်ယောက်... ဒီနေရာကို ရောက်လာပြီး ငါ့ကို မှတ်မိပေးမယ့် တစ်စုံတစ်ယောက်ကို စောင့်နေတာပဲ... အဲဒီလူ... ငါ့ကို ကယ်တင်ပေးနိုင်မလား?"

​သူ့ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားပြီး အသက်ရှူဖို့ပင် မေ့သွားသည်။ "ကယ်တင်ပေးနိုင်မယ့် တစ်စုံတစ်ယောက်..." သူ ဒိုင်ယာရီကို ရင်ဘတ်နဲ့ တင်းတင်းဆုပ်ကိုင်လိုက်ချိန်မှာ မျှော်လင့်ချက် ပြင်းပြမှုက သူ့ကို အချိန်ရဲ့ နက်နဲတဲ့ ချောက်ထဲသို့ ဆွဲခေါ်သွားပါတော့သည်။



Twenty Years, One Memory [Complete]Where stories live. Discover now