ကြိုဦးထားတာပါရှင့်☺
❣အန်ကယ်နဲ့ အတူ ရှေးခေတ်ကိုကူးပြောင်းလာခြင်း
🌊 ကံကြမ္မာ၏ လေနှင်ရာ
ကျန်းလီဟာ မမျှော်လင့်ဘဲ ၁၉၅၀ ပြည့်နှစ်များအကုန်သို့ ကူးပြောင်းလာပြီး ကျေးလက်တွင်နေထိုင်တဲ့ ယောကျာ်းဖြစ်သူနဲ့ ခွဲခွာနေရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။
သူမ သိထားတာက နောက်ထပ် ခြောက်လအကြာမှာ အလွန်ခက်ခဲမယ့်အငတ်ဘေးကာလသို့ရောက်လာမှာဖြစ်ပြီး စစ်တပ်၌သာ အငတ်ဘေးမှ လွတ်မြောက်နိုင်မှာ ဖြစ်သည်။
ကံအားလျော်စွာ...
မူလပိုင်ရှင်၏ ခင်ပွန်းသည် ပင်လယ်ကျွန်းတွင် တပ်စွဲထားပြီး တပ်ရင်းမှူး အဆင့်ရှိသည်ဟု ကြားသိရသည်။
ကျန်းလီသည် ကြေးနန်းစာ တစ်စောင် ပေးပို့လိုက်ပြီးနောက် ထောင်ပေါင်းများစွာသော မိုင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ထိုကျွန်းသို့ ရောက်ရှိလာသည်။
ထို့နောက်သူမသည် ဆိပ်ကမ်းတွင် ရပ်နေသော သူမ၏ ခင်ပွန်းကို တွေ့လိုက်ရ၏။
ထိုသူသည် အဖြူရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မားကာ သူ့ရဲ့ချောမောခန့်ညားသော မျက်နှာသွင်ပြင်သည် သူမ၏ယခင်ဘဝမှ အန်ကယ်လေးနှင့် တစ်ပုံစံတည်း တူနေသည်ကို တွေ့ရှိလိုက်ရသည်။
ကျန်းလီသည် မူလပိုင်ရှင်၏ ခင်ပွန်းကို ပထမဆုံးအကြိမ် မြင်သောအခါ ပါးစပ်မှ ရုတ်တရက် လွှတ်ခနဲ ထွက်သွားပြီး အလိုအလျောက် ခေါ်မိလိုက်သည်–
"အန်ကယ်..."
⭐ အတိတ်က နီးစပ်မှုနှင့် ပစ္စုပ္ပန်က ရင်းနှီးမှု..
ကျန်းလီသည် တစ်နေ့နေ့တွင် သူမသည် ၁၉၅၀ ပြည့်နှစ်များသို့ကူးပြောင်းလာပြီး သူမ၏အန်ကယ်လေးနှင့် ရုပ်ရည်တူသူတစ်ဦးရဲ့ မိန်းမ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
စုန်းချွမ်ကို မြင်တွေ့ရတိုင်း သူသည် သူမ ခင်ပွန်းဖြစ်ကြောင်း တွေးမိသောအခါ ကျန်းလီသည် အငယ်ဆုံးတစ်ဦးအနေဖြင့် သက်ကြီးဝါကြီး ရှေ့တွင် ရှိနေရသကဲ့သို့ ခြေချောင်းများ လိပ်ကျုံ့နေအောင် ရှက်ရွံ့မှု ခံစားရသည်။
