သူ့ရဲ့ကမ္ဘာဟာ အီလီယိုဖြစ်ပြီး အီလီယိုရဲ့ ကမ္ဘာမှာရော သူကဘယ်လိုနေရာလဲ?

"ငါပြောသားပဲ အဲ့ကောင်က မင်းကိုပလေးနေတာပါလို့ အခုမေ့လိုက်တော့ကွာ ခံစားမနေနဲ့ ဝမ်းဂိုး တူးခမ်းပဲ"

သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုနဲ့အတူ မေ့နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာ။ နေရာတိုင်းက ကိုကိုနဲ့ အမှတ်တရတွေချည်း ဖြစ်နေတော့ ပိုခက်သည်။ 

ကြားထဲမှာ သူ့ကိုစိတ်ဝင်စားသည့်လူများကိုလည်း ပြန်ကြိုက်ပေးပြီး တွဲကြည့်ခဲ့ဖူးသည်။ သူ့နှလုံးသားကတော့ မဖြစ်နိုင်တော့တဲ့ တစ်စုံတစ်ယောက်ကိုသာ တမ်းတနေတာကြောင့် နောက်ဆုံး ဘယ်သူနဲ့မှ မတွဲပဲ  တစ်ယောက်ထဲနေပြီး အဲ့လူကို ရအောင်မုအွန်ဖို့သာ ကြိုးစားခဲ့တော့သည်။

---------------------------------------------------------


ယခုလက်ရှိအချိန်

အခုမုအွန်နိုင်သွားတော့ ကျတော့ ဘာလို့ပြန်လာတာလဲ! တကယ်ပဲသူ့ကို ကောင်းကောင်းမွန်မွန် နေခွင့်လေး မပေးချင်ဘူးလား။ 

ပြီးခဲ့တဲ့လက တားရော့မေးတော့ ရည်းစားဟောင်း ပြန်လာနိုင်တယ်ဆိုလို့ ရယ်ပြီးတောင် တွေးခဲ့သေးတာ ဘယ်ရည်းစားဟောင်းဖြစ်မလဲလို့..။ ဒါကြီးကတော့ ဟုတ်မနေဘူး။

ဆန်းဟျွန်းကိုလည်း အဲ့လူနဲ့ မပတ်သတ်ဖို့ မှာထားရဦးမယ်။

မနက်စောစောထပြီး အလုပ်သွားရမှာမလို့ အကျိုးမရှိတာတွေ မတွေးတော့ပဲ အိပ်ဖို့ပြင်လိုက်သည်။ 

ဆန်းဝန်းက လစာကောင်းသော ကုမ္ပဏီတစ်ခုက အချိန်ပြည့်ဝန်ထမ်းတစ်ဦးဖြစ်ပြီး လုပ်သက်ပင် နှစ်နှစ်ပြည့်တော့မည် ဖြစ်သည်။

လုပ်သက်တစ်နှစ်ကျော်မှာ ကိုယ်ပိုင်တိုက်ခန်းကလေး ဝယ်နိုင်ခဲ့ပြီး မိသားစုနှင့် ခွဲထွက်ကာ တစ်သီးတစ်သန့် နေခဲ့သည်။ 

လောလောဆယ်တော့ ကြီးကြီးတက် ချမ်းသာမနေပေမယ့် သူ့တစ်ယောက်စာအတွက် အပူအပင်မရှိ ကောင်းကောင်း သုံးနိုင်ဖြုန်းနိုင်သည်။

လက်ရှိသူ့ဘဝရဲ့ အကောင်းဆုံးအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းနေသော်လည်း အနှောက်အယှက်က စပေါ်လာပြီ။

---------------------------------------------------------



Leo's POV

လီယို - "ဂျွန်ဆောဟျောင်း ကျွန်တော် အဲ့အကောင့်ကို သေချာပေါက် follow လိုက်ပါတယ် အခုစကားသွားပြောချင်လို့ရှာတာ ရှာလို့တောင်မတွေ့တော့ဘူး အံ့ဩစရာကြီး error တက်တာလားမသိဘူး"

ဂျွန်ဆော - "..." မင်းကိုဘလော့သွားတာပါ ညီလေးရေ ( ദ്ദി ˙ᗜ˙ )



---------------------------------------------------------

19.11.2025

9:58 am

Plot Twist: We're Still FallingWhere stories live. Discover now