ဒါပေမယ့် lockscreen ပေါ်မှာပေါ်နေသည့် instagram မှ noti တစ်ခုကြောင့် သွေးများပင် ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။

 *LeeLeo208 followed you*

တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေပဲ လက်က အော်တို block ကာ restrict လုပ်လိုက်သည်။

ဘာမှတုံ့ဆိုင်းနေစရာမလိုဘူးလေ.. ဟုတ်တယ်မလား..?

ဒီလူက တကယ်ကြီးဘာဖြစ်ချင်နေတာလဲ.. 

ဩစတြေးလျမှာ ခေါင်းတွေဘာတွေ ထိလာတာလား..။

---------------------------------------------------------


လွန်ခဲ့သော နှစ်နှစ်

Sangwon's POV

"ကိုကို့ လမ်းခွဲရအောင်ဆိုတဲ့ စာက ဘာကိုပြောတာလဲဟင် ကျွန်တော့်ကို နောက်နေတာမလား"

အီဆန်းဝန်းတစ်ယောက် ကမ္ဘာပျက်သလို လီယိုရဲ့ တိုက်ခန်းအထိလိုက်လာပြီး သောင်းကျန်းခဲ့သောနေ့။

"ကျွန်တော့်ကို တစ်ခုခုပြောပါဦး.. နောက်နေတာမလားလို့"

"မနောက်ဘူး ကိုယ်တို့ရှေ့ဆက်စရာ အကြောင်းမရှိတော့ဘူး"

ဆန်းဝန်းက မျက်ရည်ပေါက်ကြီးငယ်ဖြင့် လီယိုရဲ့ စကားကို မယုံကြည်နိုင်စွာ ခေါင်းကိုခါရမ်းရင်း လီယို့လက်ကို အတင်းလိုက်ဆွဲသည်။

"ကိုကို လိမ်နေတာ ကျွန်တော့်ကို စိတ်ဆိုးနေတာမလား ပြောပါ ကျွန်တော် ကိုကိုမကြိုက်တာ အကုန်ပြင်ပေးမယ် အဲ့လိုတော့ မလုပ်ပါနဲ့"

လီယိုက ဆန်းဝန်းရဲ့လက်ကို အတင်းဖယ်ချကာ တွန်းထုတ်ပြီး

"ဒါကိုယ်ပြောနိုင်တာ အကုန်ပဲ ကိုယ်နဲ့ လာလည်းမပတ်သတ်နဲ့ ဆက်လည်းမဆက်သွယ်နဲ့ မင်းနဲ့ထပ်မတွေ့ချင်တော့လို့ လမ်းမှာတွေ့ရင်တောင် မမြင်ချင်ယောင် ဆောင်သွားပေး"

ဒီလိုနဲ့ တွန်းထုတ်ပြီး စွန့်ပစ်ခံခဲ့ရသည်။

ကိုကိုခနစိတ်ဆိုးနေတာ နေမှာပါ၊ နောက်ရက် သွေးအေးမှ သေချာရှင်းပြပြီး ချော့မယ်လို့ တွေးထားခဲ့သော်လည်း နောက်တစ်နေ့မနက်မှာ အီလီယို ဩစတြေးလျကို အပြီးထွက်သွားပြီဆိုသည့် သတင်းတစ်ခုနှင့်တင် သူ့ကမ္ဘာကြီး ပျက်ခဲ့ရသည်။

Plot Twist: We're Still FallingWhere stories live. Discover now