Part-13 🚨🚨🚨

Start from the beginning
                                        

ပုံ ဦးမိုးမြင့် အခန်းထဲကနေသာ အမြန်ထွက်ချင်နေတော့သည်။ ဘာကိုရိပ်မိလို့ ဒီလိုတွေ မေးနေသလဲ မသိပေမဲ့ မားနဲ့ပတ်သက်သမျှ သူမ ဘာကိုမှ ပြောမနေချင်ပါ။ ကိုယ့်ကို ဓားစာခံသက်သက် လက်စားချေနေတဲ့ ယောကျာ်းကိုမှ ချစ်မိသွားတဲ့ ပုံ့အပြစ်နဲ့ပုံသာ ရှိပါစေတော့။ တခုပဲ ပုံ သူ့ကို ချစ်နေမိတာကိုတော့ မားကို ဘယ်တော့မှ အသိပေးမည် မဟုတ် ဟူသော သံဓိဌာန်ကိုတော့ ပုံ့ရင်ထဲမှာ အခိုင်အမာ ချထားလေသည်။ မေမေ တရားစခန်းမှ ပြန်လာလျှင် ပုံ အဆောင်ပြောင်းနေတော့မယ့်အကြောင်း ပြောတော့မည်။ ပုံ ဒီအိမ်ကြီးမှာ ဆက်မနေချင်တော့ပါ။
"မေမေရယ် မြန်မြန်ပြန်လာပါတော့နော်"

=========

"အကိုကြီး ခင့်ကို အဲ့လိုမစွပ်စွဲနဲ့ ခင် အကိုကြီးပေါ်မှာ မဟုတ်တာ ဘာမှ မလုပ်ထားဘူး"
"တော်ပါတော့ ခင်ရယ် အကိုကြီး ပြောနေတာ စွပ်စွဲနေတာ တခုမှ မရှိဘူး အကိုကြီးအနေနဲ့ ဇနီးငယ်ငယ်လေး ယူထားတာ ဒါတွေ တနေ့ကြုံရမယ်ဆိုတာလည်း အကိုကြီး ကြိုတွေးပီးသားပါ ခင်လေး အကိုကြီးကို မလိုအပ်တော့ရင် အချိန်မရွေးပြောပါ ဒါပေမဲ့ ခင်လေး ဂုဏ်သိက္ခာ ကျစေမယိ့ အလုပ်တော့ မလုပ်ပါနဲ့လို့ပဲ အကိုကြီးက တောင်းဆိုရုံပါ"
"အကိုကြီး အဲ့လို ပြောကတည်းက ခင့်ကို အကိုကြီးမယုံလို့ ပြောတယ်ဆိုတာ အသိသာကြီးပဲလေ အဖေအရွယ် ယောကျာ်းကို ယူပီး အခုလို စွပ်စွဲခံရမယ်မှန်းသိရင် ခင် အကိုကြီးကို လက်မထပ်ခဲ့ဘူး သိလား အဟင့်"

ဦးမိုးမြင့်မား တယောက် ဇနီးသည်ကို ချော့လည်းမချော့တတ်တော့ပါ။ သူဘယ်လောက်ပဲ အကောင်းပြောပြော အကောင်းမမြင်နိုင်သည့် ခင်လေးကို သူ ဘယ်လို ဖျောင်းဖျရမလဲ။ ဘာပဲဖြစ်ဖြစ် သူက ခင့်ထက်စာရင် လောကကြီးကနေ အရင်ထွက်သွားရမယ့်လူပါ ထို့ကြောင့် သူမရှိတော့တဲ့နောက်ပိုင်း ခင့်ကိုရော သားကိုပါ သူတည်ငြိမ်စေချင်သည်။ သူမရှိတော့ရင် ခင့်ကို လွတ်လွတ်လပ်လပ် နောက်အိမ်ထောင်ပြုချင်လည်း ပြုပါလို့ ပြောမိရာကနေ အခုလိူ ပြသနာအထိ ကြီးထွားကုန်ရတာ ဖြစ်သည်။ အသက် 56နှစ်ဆိုတာ ဦးမိုးမြင့်မားလို စီးပွားရေး လုပ်‌ငန်းရှင် တယောက်အတွက် အသက်အရမ်းကြီးနေပီဟု မဆိုသာပါ။ သိူပေမဲ့ ငယ်ငယ်တည်းက ကျန်းမာရေးကို ဂရုမစိုက်ဘဲ စီးပွားရေးကိုသာ ဦးစားပေးခဲ့သဖြင့် အသက်ကလေးရလာတော့ ကျန်းမာရေးတွေ ထိခိုက်လာရသည်။ ထိုညက ခင်ရော ဦးမိုးမြင့်မားရော ကုတင်တခုတည်းရဲ့ အစွန်းနှစ်ဖက်စီမှာ ကျောခိုင်းလျက်သား ရှိနေခဲ့ကြပီး အတွေးကိုယ်စီနဲ့ အိပ်မပျော်နိုင်ခဲ့ကြပေ။

"သား မင်း ဒီနေ့ သန်လျင်ဘက်က ခြံကို သွားကြည့်မှာမလား"
"ဟုတ်တယ် ဒက်ဒီ ဘာလို့လဲ"
"အေး ဒက်ဒီလည်း လိုက်မလို့ ဒါပေမဲ့ ဒက်ဒီ ခေါင်းနည်းနည်းထိုးနေလို့ 10နာရီလောက်မှ သွားရအောင်"
မားက ခေါင်းညိတ်လိုက်ပီး ကိုယ့်အခန်းကို ပြန်ဝင်မလို့ လုပ်လိုက်စဉ်
"ဝုန်း"
"ဟာ ဒက်ဒီ"
"အမလေး အကိုကြီး လဲသွားပီ လုပ်ပါဦး"

ရုတ်တရက် လဲကျသွားတဲ့ ဦးမိုးမြင့်မားကို မား ချက်ချင်း ကောက်ပွေ့လိုက်ကာ ရေနဲ့ဆေး ယူလာပေးသည့် ခင့်မျိုးနွယ်ကလည်း ချက်ချင်းပင် အနားရောက်လာခဲ့သည်။ ဦးမိုးမြင့်မားက မျက်နှာတခုလုံး ရဲတွတ်ကာ လည်ပင်ကြောတွေပါ ထောင်လာပီး မျက်လုံးအိမ်က သိပ်မလှုပ်နိုင်တော့ပါ။ မားရဲ့လက်တဖက်ကို ဆုပ်ကိုင်ထားလိုက်ပီး

"လိမ္မာပါ သားရယ်"

သူ့ကို နောက်ဆုံးစကားတခွန်းသာပြောပီး အသက်မဲ့သွားခဲ့ပြီဖြစ်တဲ့ ဒက်ဒီ့ကို ကြည့်ပီး သူ မျက်ရည်တွေ မကျနိုင်လောက်အောင်ပင် ရင်ထဲ ဆို့နင့်ကြေကွဲနေရတော့သည်။ ခင့်မျိုးနွယ်ကတော့ ဒက်ဒီ့ရင်ဘတ်ပေါ် ခေါင်းလေး ‌တင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေရဲ့။    ဒီနေ့က မားအတွက်တော့ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံရတဲ့‌ နေ့တနေ့ပါပဲ။

TBC
Part - 14 soon

ငြိုးသူ့အနမ်းWhere stories live. Discover now