စာမြည်း

776 35 3
                                        


Description.....

ကမ္ဘာကြီးသည် ရုတ်တရက် ရေခဲခေတ်သို့ ဝင်ရောက်သွားခဲ့ပြီး ကမ္ဘာပျက်ကိန်း စတင်၍ ရောက်ရှိလာသောအခါ ကိုးဆယ့်ကိုး ရာခိုင်နှုန်းခန့် ရှိသော လူသားများသည် ပြင်းထန်လှသော ရာသီဥတု ဒဏ်အား ခံနိုင်ရည် မရှိသောကြောင့် သေဆုံးသွားခဲ့ကြသည်။

အတိတ်ဘဝတွင် ရဲ့ရှင်းချန်တွင် အစားအစာ များများစားစား မရှိခဲ့ပေ။ သို့သော် သူ အလွန် ချစ်ခင်ရသည့် တက္ကသိုလ်မှ အချောအလှလေး အတွက် ကမ္ဘာပျက်ကပ် အချိန်တွင်ပင် တံခါးဖွင့်ပေးရန် အတွက် တွေဝေမှု မရှိခဲ့ပေ။ အဆုံးသတ်တွင်မူ ထို အချောအလှလေး ခေါ်ဆောင်လာခဲ့သော သန်မာသော ယောကျ်ား အချို့သည် သူ၏ ထောက်ပံ့ရေး အစားအစာများ အားလုံးကို လုယူသွားခဲ့ကာ ရဲ့ရှင်းချန်သည် နောက်ဆုံးတွင် အအေးဒဏ်ကြောင့် ကြောက်မက်ဖွယ် ကောင်းစွာ သေဆုံးသွားခဲ့ရတော့သည်။

ရေခဲခေတ် မတိုင်မှီ အချိန် တစ်လခန့်အလိုတွင် ပြန်လည် မွေးဖွားလာပြီးနောက် ရဲ့ရှင်းချန်သည် ထိုသူများအား ဆယ်ဆမကသော ပေးဆပ်ခြင်းဖြင့် ပြန်လည်ပေးဆပ်စေမည်ဟု ကျိန်ဆိုခဲ့သည်။

သူ၏ နေရာလွတ် စွမ်းရည်များလည်း နိုးထလာခဲ့ကာ သုံးရာစတုရန်းမီတာ ကျယ်ဝန်းသော နေရာလွတ် တစ်ခုအား ပိုင်ဆိုင်ထားခဲ့သည်။ ယခုဘဝတွင် သူသည်အသက်ရှင်သန်ရုံ သက်သက်သာ မရှင်သန်တော့ပဲ ရူးသွပ်စွာဖြင့် ဘီလျံများစွာတန်သော ထောက်ပံ့ရေးပစ္စည်းများအား သိုလှောင်ထားခဲ့ကာ ကမ္ဘာပျက်ကပ်ခံတပ်ကြီး တစ်ခုအား ဆောက်လုပ် ထားခဲ့တော့သည်။

ရေခဲခေတ် ရောက်ရှိလာချိန်တွင် အခြားသူများသည် အေးခဲကာ သေဆုံးသွားကြသော်လည်း ရဲ့ရှင်းချန်သည် ရေနွေးကန်ထဲတွင် ရေကူးနေခဲ့သည်။

အခြားသူများသည် အစားအစာ တစ်ကိုက်စာ အတွက် တစ်ဦးကို တစ်ဦး သတ်ဖြတ်နေချိန်တွင် သူသည် ၈၂ လာဖိုက်ဝိုင်အား သောက်သုံးလျှက် အဆင့်အမြင့်ဆုံး ကိုဘေး အမဲသားအား စားသောက်ရင်း ပွဲတော်ကြီးအား ပျော်ရွှင်စွာ ခံစားရင်းဖြင့် အေးဆေးသက်သာစွာဖြင့် ရုပ်ရှင် ကြည့်နေခဲ့သည်။

တစ်ရက်တွင် လူအချို့သည် ရဲ့ရှင်းချန်၏ အိမ်တွင် မရေတွက်နိုင်သော စားကောင်းသောက်ဖွယ်များ သိုလှောင်ထားသည့်အပြင် နွေးထွေးကာ သက်တောင့်သက်သာ ရှိကြောင်း တွေ့ရှိသွားသော အချိန်တွင် သူတို့သည် ရူးသွပ်စွာဖြင့် အတင်းဝင်ရောက်လိုကြသည်။

သို့သော် မကြာမှီတွင် သူတို့သည် ထိုအိမ်သည် သာမာန် အိမ်တစ်လုံးသာ မဟုတ်ကြောင်း သဘောပေါက်သွားကြတော့သည်။ ၎င်းအိမ်သည် နျူးကလိယား လက်နက်များဖြင့်ပင် ဖြိုခွင်း၍ မရနိုင်သည့် ကမ္ဘာပျက်ကပ် ခံတပ်ကြီး တစ်ခု ဖြစ်နေခဲ့သည်။

ရေခဲခေတ်မရောက်မှီပြန်မွေးဖွားကာဘီလျံများစွာတန်ကုန်များသိုလှောင်ထားခဲ့တယ်Where stories live. Discover now