"အင်း..လိုက်ခဲ့မယ်။"
"ရေး..ဒါမှ အချစ်ဆုံးလေးကွ...သွားမယ်..လာ..."
"အင်း..နေဦး...ပိုက်ဆံယူလိုက်ဦးမယ်။.ငါလည်း ဝယ်ချင်တာလေးတွေ့ ဝယ်ရအောင်။ "
နှုတ်ကပြောရင်း ပိုက်ဆံထုတ်လိုက်သည်မို့ စကားဆုံးသည်နှင့် ပိုက်ဆံထုတ်အပြီး ဖြစ်၍ ရွှေကလည်းသက္ခရာလက်ကိုဆွဲကာ နှစ်ဦးစလုံး မုန့်စျေးတန်းသို့ အသွား...
"ဟဲ့..ဟိုမှာ ကိုယ်ပိုင်ကျောင်းက လူတွေ...ကာကွယ်ဆေးလာထိုးကြတာ ဖြစ်မယ်။"
ရွှေ့စကားကြောင့် သက္ခရာ ကြည့်လိုက်မိသလို အခြေအနေအရ သူတို့သွားပြီးမှ သက္ခရာ တို့ သွားလို့ရမှာမို့ uniform လေးတွေငေးရင်း စောင့်နေလိုက်သည်။သက္ခရာတို့ကတော့ အစိုးရကျောင်းဖြစ်၍ ကျောင်းစိမ်းရင်ဖုံး၊အကျီနဲ့ ဆံပင်ကိုဖဲကြိုးအစိမ်းချည်၊ယင်းမာဖိနပ် အဖြူကိုစီးရပေသည့် ထိုကိုယ်ပိုင်ကျောင်းကတော့ လက်သည်းနီ၊ဆံပင်ဆေးဆိုးနဲ့ မာနကြီးသည့် style..နဲ့၊တစ်ချို့ဆို သက္ခရာတို့ကိုပင် မတူသလို မတန်သလို ကြည့်သွားကြသေးသည်။
"တစ်ကယ်ပါဟယ်..ဒီလိုကျောင်းကို မလာချင်ပါဘူးဆိုမှ.."
"အေးဟယ်.."
"ဟဲ့..အဲ့တာ Royal Since ကိုယ်ပိုင်ကျောင်းကဟ။"
"အင်း..."
"အေး..နင်သိလား..အဲ့ အထက်တန်းကျောင်းက ညအိပ်ညနေ အဆောင်လည်းရှိတယ်။ပြီးတော့ ပိုင်ရှင်ရဲ့သားကလည်း $ရမ်းလန်းတယ်ဟ။"
"အင်း... "
"တမင်းအင်းနဲ့ နင်အဲ့ကျောင်းအကြောငိး မသိဘူးလား.."
"မသိပါဘူး။သိလည်း မသိချငိဘူး..ငါတို့နဲ့ ဆိုင်မှ မဆိုင်တာ။"
"Royal Sinceကိုယ်ပိုင် ကျောင်းပိုင်ရှင်ရဲ့သားက
ဟိုတလောက..."
"ပေါက်တတ်ကရတွေ ပြောမနေပါနဲ့တော့ရွှေရယ်..မုန့် စျေးတန်းဘဲ သွားကြမယ်လာ..။"
သက္ခရာ သူများအကြောင်းကို စိတ်မဝင်စားပါ။ကြို ရှောင်ရ အောင်လည်း သက္ခရာက ကိုယ့်အတန်းဖော် ယောကျ်ားလေးကိုပင် သိသူမဟုတ်တာမို့ သိနိုင်စရာ အကြောင်းမရှိ။
》》》
"အန်တီ..အကင်တစ်ပွဲ..."
"ဟော့ဒေါ့ သုံးခုပေးပါ။"
"ဖယ်..ဖယ်..."
ကလေးတွေက တွန်းလိုတွန်း...ရွယ်တူတွေက တိုက်လိုတိုက်..ဝယ်သူ ကျောင်းသူကျောင်းသားများကြိတ်ကြိတ်တိုးစည်ကားနေသည့် မုန့်စျေးတန်းအလယ် ကိုယ်ဝယ်ချင်သည့်ဆိုင်ပင် မရောက်သင့်ဘဲ အလယ်မှာ ကားယားကြီး ဖြစ်နေသည့် သက္ခရာနှင့် လွန်းသဒ္ဓါရွှေ....
သက္ခရာ မုန့်စျေးတန်းရောက်မှ dumsimလေး စားချင်သည်မို့ မုန့်ဆိုင်သွားနေခြင်းဖြစ်ကာ.... ေစျးတန်းကိုစဝင်ဝင်ချင်း မှရေလျှင် နှစ်ဆိုင်မြောက်ဖြစ်သည့် ဘာဂါဆိုင်သွားဝယ်သူ လွန်းသဒ္ဓါ ရွှေပင် ဆိုင်နားမရောက်သေး။သက္ခရာ ဝယ်မည့် ဆိုင်က မုန့်စျေးတန်း၏ ဟိုးနောက်ဆုံးမှာ....
စိတ်ရှုပ်မခံနိုင်တာနဲ့ ရွှေ့ကို ရှေ့မှာစောင့်နေမယ်လို့ ပြောကာ ထွက်လာခဲ့လိုက်သည်။
မိုးရွာထားသည့်အရှိန်နှင့် လမ်းမှာချောနေသလို မနည်းထိန်းလျှောက်နေရသည်။
ကိုယ့်မှာက ဝတ္ထု တွေ၊ဇာတ်လမ်း တွေထဲကလို လာပေ့်ပေးမည့်သူမရှိဘူးမလညား..တော်ကြာ ချောပြီး အုတ်စက်ပွင့် သော်ကေကုန်မှဖြင့်...
အခက်သား...။
စာအုပ်ဖတ်ချင်စိတ်နှင့် မနက်ဖြန် ကျောင်းပိတ်သည်ကြောင့် မျက်နှာချင်းဆိုင်က စာကြည့်တိုက်ဝင်ကာ စာအုပ်ရွေးဖို့ ဆုံးဖြတ်လိုက်ရင်း
》》》》
YOU ARE READING
အချစ်ဟု ဖွင့်ဆိုခဲ့လေသော🔞🔞🚨🚨
Romanceမိန်းမတကာနဲ့Hdထွက်တတ်တဲ့playboyတစ်ယောက် ရိုးသားဖြူစင်ပြီး အရှက်အကြောက်ကြီးလွန်းတဲ့ ကောင်မလေးကို ချစ်မိသွားချိန်မှာတော့........ 《ဤ ဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဥ်သက်သက်ဖြင်သာ ရေးဖွဲ့ထားခြင်း ဖြစ်သည်။》
Chapter-3🔞🔞🚨
Start from the beginning
