ဘုန်းခနဲ ဆိုဖာကို ကန်လိုက်သံကြောင့် ပုံပုံရော မေမေပါ တုန်တက်သွားရသည်။ ဦးမိုးမြင့်မားကတော့ ခင့်မျိုးနွယ်တို့ မိသားစုကို အားနာပြုံး တချက်ပြုံးကာ
"သားကိုယ်စား ကျနော်ကပဲ တောင်းပန်ပါတယ် အန်တီ သားက သူငယ်စဉ်တည်းက မိတဆိုး ဖြစ်ခဲ့တော့ ကျနော်ကလည်း အလိုလိုက်ထားမိပါတယ် အဲ့ဒါကြောင့် ရုတ်တရက်ကြီး ကျနော်လက်ထပ်တာကို သူလက်မခံနိုင်ဖြစ်သွားတာပါ"
"ဟုတ်ကဲ့ ကျမကို အားမနာပါနဲ့ မောင်မိုး ကျမတို့ကသာ အရှုပ်ထုတ်လုပ်မိလို့ အားနာရတာပါ"
"မဟုတ်တာ အန်တီရယ် ကျနော်က ပြန်အားနာတာပါ ခင်လေးကို တယောက်တည်း ဖြစ်နေမှာစိုးလို့ အဖော်အဖြစ် လိုက်နေပေးတာကိုပဲ ကျနော်က ကျေးဇူးတင် မဆုံးပါဘူးဗျာ အေးဆေးနားကြပါနော် ဧည့်သည်ခန်းပြင်ပီးရင် အခန်းထဲ ဝင်နားလို့ရပါပီ ကျနော် အလုပ်လေး တခုရှိလို့ ဖုန်းလေး ဝင်ပြောလိုက်ပါဦးမယ် ခင်လေး အန်တီနဲ့ ပုံပုံကို တခုခုစားရင်း နားဖို့ ကူလိုက်ပါနော်"
"ဟုတ်ကဲ့ အကိုကြီး"
ဦးမိုးမြင့်မား ထွက်သွားတော့ ခင့်မျိုးနွယ်က အမေဖြစ်သူနား ကပ်သွားကာ
"မေမေ ရရဲ့လား လန့်သွားလားဟင်"
"မေမေက ရပါတယ် သမီးရယ် ညည်း ရေရှည်ဖြစ်ပါ့မလား"
"ဘာလို့မဖြစ်ရမှာလဲ မေမေရဲ့ အကိုကြီးရှိရင် အားလုံး အေးဆေးပဲ မေမေသာ သက်သောင့်သက်သာနေနော်"
"မမလေး ဧည့်သည်ခန်းတွေ အဆင်သင့်ဖြစ်ပါပီ"
အိမ်ဖော်မလေး အပုရဲ့စကားကြောင့် မေမေ အနားယူလို့ရအောင် ပုံပုံနဲ့ခင်လေးတို့ အိပ်ခန်းဆီသိူ့ ခေါ်လာခဲ့ကြတော့သည်။
"မမ...."
"ဘာလဲ နင် ပြောစရာ ရှိနေလို့လား"
"အင်း ခနလာခဲ့ဦး"
ဟုဆိုကာ ပုံပမာနွယ်က အမဖြစ်သူကို လက်ဆွဲခေါ်ကာ သိချင်သမျှကို တီးတိုးမေးရတော့သည်။
"မမ ခုနက ဘုန်းရှိန်မြင့်မား မမ ကြိုက်ခဲ့ဖူးတဲ့လူမလား"
"အေးလေ အဲ့ဒါ ဘာဖြစ်လို့လဲ"
"ဟယ် မမကလည်း မျက်နှာပူစရာကြီးကို"
"ဘာကို ပူရမှာလဲ သူနဲ့က ငါနဲ့ကြိုက်ခဲ့တာမှ မဟုတ်တာ အနေသာကြီး ဟွန့်"
"မမရယ် ဒါပေမဲ့လည်း..."
"ဒါပေမဲ့ဆိုတာ မရှိဘူး ပုံပုံ နင့်ဘာသာ အေးဆေးနေစမ်းပါ အခု နင် အဝေးသင်ကနေ ဒေးပြောင်းတက်ဖို့ အကိုကြီးနဲ့ငါတိုင်ပင်ပီး အားလုံး လုပ်ပီးပီ ကိုယ့်စာကိုပဲ အာရုံစိုက် အိမ်စီးပွားရေးအတွက် နင်တာဝန်ယူစရာ မလိုတော့ဘူး"
YOU ARE READING
ငြိုးသူ့အနမ်း
Romanceအဖေရဲ့မယားငယ်က ကိုယ့်နဲ့အသက်တူရွယ်တူ ကျောင်းနေဘက် ဖြစ်နေတဲ့အပြင် ကိုယ့်ကိုပါ မြှူဆွယ်ချင်နေလို့ ရွံမုန်းနေတဲ့ ဘုန်းရှိန်မြင့်မား အမဖြစ်သူရဲ့ကြိုးဆွဲရာအရုပ်လေးလို နေခဲ့ရပြီး ဘဝကို ရိုးရိုးလေးပဲ တွေးထင်ကာ မိဘအပေါ်ကျေးဇူးသိတတ်တဲ့ ပုံပမာနွယ် ခေါ် ပုံပု...
Part - 4 🚨
Start from the beginning
