နှစ်ယောက်အားနဲ့တစ်ယောက်အား
မပြိုင်ပါနဲ့ မင်းတို့နိုင်ပါတယ်။
ကျွန်တော် သူတို့နှစ်ယောက်ကို ကြည့်လိုက်တယ်။ရောင်နေခြည် လက်ကလေးကို ဟိုကောင်ကကိုင်ထားသည်။ပြီးတော့ ရောင်နေခြည်ပါးလေးတွေတစ်ချက်ချက်လက်ကလေးနဲ့ဖျစ်နေသည်။ရောင်နေခြည်လဲပြုံးပျော်နေသည်။
ကျွန်တော်သေလောက်အောင်ခံစားရသည်။သို့သော်ရောင်နေခြည် ပြုံးနေသည်လေးကို ကြည့်ကာတစ်ချက်ပြုံး၍ အရက်ခွက်လေးထဲကို အရက်အပြည့်ထည့်ကာ ဘာမှမရောပဲ တစ်ကျိုက်တည်းမော့ချလိုက်သည်။တင့်ဝေထွန်း ကျွန်တော်ကိုလက်တို့ကာခေါင်းခါပြသည်။လျော့သောက်ရန်ပြောချင်းဖြစ် သည်။ကျွန်တော်လက်ပဲပြလိုက်သည်။
ပြင်းလှပါသည်ဆိုသောအရက်တောင် ခံစားချက်များကိုတိုး၍မပေါက်ပေ။
လက်ဖျောက်တီး၍
"ဟေ့ညီလေး"
"Grand အပြာရှိလား"
"ရှိပါတယ်အကို အတောင့်ရှိတယ် စိပ်ပိုင်းလဲရှိပါတယ်အကို"
"တစ်တောင့်ချကွာ"
တင့်ဝေထွန်းမှ
"ယျောင့်များမယ် နှစ်ပင်လိမ်ကုန်မယ်"
"ဟာများပါဘူးဟ တိုက်တဲ့လူရှိတိုင်းအဝသောက်ရတာ မဟုတ်ဘူးလားညီလေး"ဆိုကာဝေလျှံဟိန်းကိုကြည့်ကာပြောလိုက်သည်။
"ဟုတ်တာပေါ့ကိုကြီးရ"
" Congratulationကွာ လာပါအုံးကွလက်ဆွဲနှုတ်ဆက်ရအောင်"
"ဟုတ်ကိုကြီး"
"Congratulationကွာအကိုမရတာကိုရအောင်ယူနိုင်တယ်"
"ဗျာ"
"ဟုတ်တယ်လေ မင်းကိုကြီးကြည့်ခုချိန်ထိရည်းစားတောင်မရသေးဘူး ငါမရတာကိုခုမင်းကရနေပြီလေ"
"အော် ဟဲဟဲ ဟုတ်တာပေါ့ဗျ"
ထိုအခြေအနေကိုတင့်ဝေထွန်းကထိန်းရန်
"လာဒို့သီချင်းဆိုရအောင် မောင်ခေတ်သစ်ကြီးတစ်အားမူးနေတာဆိုတော့ မောင်ခေတ်သစ်ကတစ်ပုဒ်ဖျော်ဖြေ"
"ဟာဆိုချင်ပါဘူးကွ"
"လုပ်ပါဟဟိုကောင်ကတီးချင်နေပြီ"
YOU ARE READING
စက်တင်ဘာမိုး
Romance" အော်လူလူ လူဆိုသည်မှာကလည်း မပိုင်ဆိုင်နိုင်တဲ့အရာကိုမှပိုင်ဆိုင်ချင်တာကို မပိုင်ဆိုင်ခင်ကပိုင်ဆိုင်ချင်သလို မပိုင်နိုင်မှန်းသိတော့လဲ ပိုင်ဆိုင်ချင်တာပဲဗျ" ခေတ်သစ် ငါနင်ကိုသံယောဇဉ်ရှိတယ် ဒါမဲ့ချစ်တာလား မချစ်တာလားတော့ငါမသဲကွဲဘူး ဒါမဲ့ ငါကလွဲပြီးတခြား...
Part -8
Start from the beginning
