Part -8

20 0 0
                                        

ကျွန်တော်နဲ့ မမဟေမာန် အတွင်းဝိုင်းထဲမှာထိုင်လိုက်သည်။မမဟေမာန်သည် ကျွန်တော်ကိုကြည့်ပြီး

"မောင်လေး အဆင်ပြေလား"

"ဗျာဘာကိုပြောတာလဲမမရဲ့"

"မင်းဟန်ဆောင်မနေပါနဲ့ ဒို့အကုန်သိတယ်"

"ဟာ ကျွန်တော်ကဘာကိုဟန်ဆောင်လို့လဲမမရဲ့"

"ခေတ်သစ် မင်းကဟန်ဆောင်တာ အရမ်းညံ့တယ်သိလား"

"ဘာကိုပြောတာလဲမမ"

"မင်းရောင်နေခြည်ကို သဘောကျနေတယ်ဆိုတာကိုလေ"

"ဟင်"

အလိုလေး အကုန်နီးပါးလောက်သိနေကြတာလား။
"ဘယ်လိုသိတာလဲမမ"

"မင်းပုံစံကိုကြည့်တာနက်အလိုလိုရိပ်မိပါတယ်"

"အင်း ဒီလိုပါပဲမမရယ်"

"အခုမင်းဘယ်လိုလုပ်မှာလဲ"

"ဘာကိုလဲမမ"

"အခုမင်းကိုယ်တိုင်ကြားခဲ့မြင်ခဲ့ရတာပဲ မင်းဘယ်လိုလုပ်မှာလဲ"

"ဘယ်လိုမှမလုပ်ပါဘူးမမ"

"မင်းလက်လျော့တော့မှာလား"

"လက်လျော့ရတော့မှာပေါ့မမရယ် ကျွန်တော်ဘာတတ်နိုင်တော့မှာလဲ"

"မင်းသူကိုမေ့နိုင်ပါ့မလား"

"အနာဆိုတာက တန်းကျက်ရိုးထုံးစံမှမရှိတာမမရယ်"

"အင်း....မင်းကိုကြည့်ရတာလဲငါပါဝမ်းနည်းမိတယ်"

"ကျွန်တော်ကကို ကံမကောင်းတာပါ"

"သူငယ်ချင်းဆိုတော့ မင်းခံစားရတာကိုငါနားလည်ပါတယ်"

မင်းခံစားရတာနားလည်သလို ငါခံစားရတာကိုလဲမင်းနားလည်စေချင်တယ်။မင်းတခြားတစ်ယောက်အ တွက်ခံစားနေရသလို ငါလဲမင်းအတွက်ခံစားနေရတယ်ခေတ်သစ်။မင်းကငါရဲ့ရင်ထဲနက်နက်ရှိုင်းရှိုင်းထဲကိုဝင်ရောက်နေပြီ။

"ရလားမင်းအဆင်ပြေလား မမဘာလုပ်ပေးရမလဲ"
ကိုယ့်အတွက် အဆင်သင့်ဖြစ်မပေးနိုင်တဲ့ လူအပေါ်
ကိုယ့်က အမြဲအဆင်သင့် ဖြစ်နေခဲ့တယ်။

"ဘာမှလုပ်ပေးစရာမလိုပါဘူးမမ"
ကျွန်တော်လဲ မမဟေမာန်နဲ့ မုန့်စားပြီးဆိုင်ပြင်ထွက်လာတော့သူတို့မရှိတော့ပေ။မမဟေမာန်ကိုလိုက်ပို့ပြီးကျွန်တော်အဆောင်ကိုပြန်လာခဲ့လိုက်သည်။အဆောင်ရောက်ရောက်ချင်းတင့်ဝေထွန်းအခန်းထဲသို့သွားကာ

စက်တင်ဘာမိုးWhere stories live. Discover now