"သူငယ်ချင်းမင်းအဆင်ပြေလား"

"မပြေချင်လဲပြေရမယ်မလား ငါမှာဘာအခွင့်ရေးရှိလို့လဲ"
တင့်ဝေထွန်းလဲသူခံစားချက်ကိုသိသောကြောင့်ဘာမှပြန်မပြောတော့ပေ။

ဆိုင်သို့ရောက်တော့အကုန်လူစုံကြသည်။ကျွန်တော်အချစ်ဆုံးလေးလဲ သူ့အချစ်ဆုံးနဲ့ အတူရှိနေသည်။ Waiter လေးရောက်လာပြီး အကုန်ဘီယာပဲလားလို့မေးသောအခါ အကုန်လုံးက ခေါင်းငြိမ့်ကြပေမယ့်

"ညီလေးအကို့ကို‌ ရွှေတစ်တောင့်ချကွာ ပြီးရင် ရေခဲရယ် ရေသန့်တစ်ဘူးရယ်နော်"
အကုန်လုံးကျွန်တော်ကိုဝိုင်းကြည့်နေကြသည်။

"ဘီယာမသောက်ချင်လို့ပါကွာ အဲတာကြောင့်မှာတာပါ သောက်ချင်တဲ့လူရှိရင် ငါနဲ့လိုက်သောက်လို့ရတယ်နော်"

တင့်ဝေထွန်းက ဘီယာတစ်ခွက်လျော့မှာကာ သူပါအရက်သောက်မည် ဟုပြောသည်။တင့်ဝေထွန်း သည်သူငယ်ချင်းကောင်းဖြစ်သည်။ခေတ်သစ်တစ် ယောက်တည်း အမူးလွန်မှာဆိုး၍ လိုက်သောက်ပေးချင်းဖြစ်သည်။မှာထားသည်များရောက်သော အခါခေတ်သစ်သည်စ၍ သောက်ပြီဖြစ်သည်။ တင့်ဝေထွန်းသည် သူ့ကိုမနည်းမှီအောင် လိုက်သောက်နေသည်။ခေတ်သစ်အနည်းငယ်တော့မူးနေပြီဖြစ်သည်။ထိုချိန်ဝေလျှံဟိန်းက
"သောက်ကျကိုကြီးတို့ ဒီနေ့သောက်သမျှကျွန်တော်ရှင်းမယ်"

တင့်ဝေထွန်းက
"ဘာလို့လဲဟ"

"အော်ကျွန်တော်နဲ့ ရောင်ခြည်ချစ်သူဖြစ်တဲ့အထိမ်းမှတ်လေဗျာ"

"ဘာလဲမင်းကငါတို့ဒါကိုမရှင်းနိုင်ဘူးလို့ထင်လို့လား"ဟုကျွန်တော်ဝင်ပြောလိုက်သည်။ထပ်ပြီး

"ဒီဝိုင်းထပ်နှစ်ဆမင်းသောက်ငါပြန်ရှင်းပေးမယ်"

"ဟာအဲလိုသဘောမျိုးပြောတာမဟုတ်ပါဘူးဗျာ"

"ခေတ်သစ် နင်ဘာဖြစ်နေတာလဲ မူးနေတာလား ငါနဲ့ ငါ့ကောင့်လေးတိုက်မှာဒီဝိုင်းကို နင်သောက်ချင်သလိုသောက် နင်ဘာတွေလာပြောနေတာ‌လဲ"
ဟုရောင်နေခြည်ကျွန်တော်ကိုပြောသည်။ကျွန်တော်ရင်ထဲအတော်ပင် ခံစားရသော်လည်း ခေါင်းလေးအခါခါညိမ့်၍ သာသောက်လက်စအရက်ခွက်ကိုယူသောက်လိုက်သည်။

စက်တင်ဘာမိုးWhere stories live. Discover now