ခနအကြာတင့်ဝေထွန်းတို့ရောက်လာကြပြီးဖြစ်၍ကန်တင်းတို့ထွက်လာကြသည်။ကန်တင်းသို့ရောက်သောအခါ မှာစရာရှိတာများမှာ၍ စားသောက်ကြသည်။ပြီးနောက်ခေတ်သစ်ဆေးလိပ်တစ်လိပ်ကိုဖွာနေသည်။ထို့နောက်ခင်မာလာနဲ့ ရောင်နေခြည်ရောက်လာသည်။ကျွန်တော်ရောင်နေခြည်ကိုလုံးဝမကြည့်ပေ။ကျွန်တော်သိသည် ကျွန်တော်ကိုယ်ကျွန်တော်ပြတ်သားမှရမည်ဆိုတာကို။
ထို့နောက်ခင်မလာမှ

"ငါတို့ဒီနေ့အတန်းလစ်အောင် ငါတို့အတူတူအပြင်မသွားရတာကြာပြီ"

"နင်ကဘယ်သွားချင်လို့"ဟုဝေကြီးမှမေးရာ

"မိုးလေးအေးတယ်လေ ငါတို့မသောက်ရတာကြာပြီ ဘီယာလေးဘာလေးသွားသောက်ရအောင်လေ"

"အေးကောင်းသားပဲမဟုတ်တောင်ငါလဲသောက်ချင်နေတာ ကျန်တဲ့လူတွေသဘောကကော"ကျွန်တော်လဲမင်းတို့လုပ်ချင်ရာလုပ်ဆိုတဲ့ အမူရာပဲပြလိုက်သည်။

"ဒါဆိုအကုန်သဘောတူရင်သွားကြမယ်လေ"

"နေအုံးဂစ်တာပြန်ယူလိုက်မယ် ဒို့အဖွဲ့ဂစ်တာလေးနဲ့ဆိုရင်းမသောက်ရတာကြာပြီ"ဟုဝေကြီးကပြောသည်။ထိုချိန်‌

"ငါဝေလျှံဟိန်းကို လှမ်းခေါ်လိုက်အုံးမယ် ရတယ်မလား"

"ရပါတယ်ဟနင်ကလဲ"ဟုဝေကြီးကဘုမသိဘာမသိပြောသည်။တကယ်တမ်းခင်မာလာနဲ့ တင့်ဝေထွန်းကလွဲရင်ကျန်တဲ့လူများသည် ဒီဇာတ်ထုတ်ကိုမသိကြပေ။

"ပြီးတော့ငါဝေလျှံဟိန်းကိုအဖြေပေးလိုက်ပြီ"

"အံမယ်မိုက်လှချည်းလား အားကျတယ်ဟေ့ ဟဲဟဲ"ပြောနေသူမှာဝေကြီးပဲဖြစ်သည်။

တင့်ဝေထွန်းနဲ့ခင်မာလာမှာခေတ်သစ်နဲ့ရောင်နေခြည်မျက်နှာကိုတစ်ယောက်တစ်လှည့်ကြည့်နေကြသည်။ကျွန်တော်လဲ

"သွားမယ်ဆိုသွားမယ်လာ မိုးရွာလာရင်မကောင်းဘူးတင့်ဝေထွန်းမင်းဆိုင်ကယ်ယူမနေနဲ့ငါနဲ့လိုက်ခဲ့"

ဒီချိန်မှုတင့်ဝေထွန်းကလွဲရင်ကျန်တဲ့လူသည်မိမိခံစားချက်ကိုသိမည်မဟုတ်။ဆိုင်ကယ်နှစ်ယောက်အတူစီးရင်း တင့်ဝေထွန်းက

စက်တင်ဘာမိုးWhere stories live. Discover now