"အရင်လဲဒီချိန်ပြန်လာနေကျကို"

"သိပါဘူး first dateလေး ကိုလျှောက်သွားနေမလားလို့ပါ"

"ကောင်မနော်"

"ဘယ်လိုလဲအဖြေပေးခဲ့ပြီလား"

"အင်းပေးခဲ့ပြီ...ဒါပေမယ့်"

"ဒါပေမယ့်ဘာဖြစ်လို့တုန်း"

"ငါအဖြေပေးတုန်းခေတ်သစ်ရှိနေခဲ့တာ"

"ဟယ်ဘယ်လိုဖြစ်လို့တုန်း"

"ငါတို့ထိုင်တဲ့ဆိုင်သူနဲ့ မမဟေမာန်ရောက်လာကြတာ"

"ဟော်သနားပါတယ်"

"ဘာကိုသနားတာလဲ"

"ခေတ်သစ်ကိုပေါ့ဟာ နင်လဲသိပါတယ် နင့်အပေါ်မှာသူခံစားချက်ရှိတာကို"

"အင်း"

"ဒါတောင်နင်ဘာလို့ သူငယ်ချင်းဆိုတဲ့စည်းနဲ့ နင်ရှောင်ပြေးချင်ရတာလဲ"

"ငါမသိဘူး ငါခေတ်သစ်နဲ့ချစ်သူဖြစ်သွားကာမှသူများတွေလို လမ်းခွဲပြီးသူငယ်ချင်းသံယောဇဉ်တွေပြတ်ကုန်မှာ‌ငါကြောက်တယ်"

"နင်ခေတ်သစ်ဘက်ကိုထည့်မတွေးတော့ဘူးလား"

"ထည့်တွေးလို့ ငါဒီလိုစဉ်းစားတာပဲလေ"

"ရောင်နေခြည်..."

"ဆက်မပြောနဲ့တော့ဟာ ငါခေတ်သစ်အကြောင်းမပြောဘူး ငါမှာရည်းစားရှိရဲ့နဲ့ တခြားယောက်ကျားအကြောင်းမပြောချင်ဘူး"

ခင်မာလာ ဘာမှမပြော ဘယ်‌လောက် နေနိုင်မည်ဆိုသည်ကိုပဲ ခင်မာလာဆက်စောင့်ကြည့်တော့မယ်။

မနက်၆ခွဲ ကျွန်တော်နိုးလာခဲ့သည်။မနက်မိုးလင်းတယ် နိုးလာတယ် အရာအာလုံးပုံမှန်ပါပဲ စိတ်ထဲမှာထူးထူးခြားရှိမနေပဲ ငါနေနိုင်အောင်နေရမည်ဆိုတဲ့အတွေးပဲတွေးမိသည်။ညကဒဏ်များပြေရန်ရေမိုးချိုးပြီးနောက် ကျောင်းသွားဖို့ပြင်ဆင်ပြီး အဆောင်ရှေ့တွင် ဆေးလိပ်သောက်ရင်းတင့်ဝေထွန်းတို့ကိုစောင့်နေသည်။ကျွန်တော်အတွက်အဆင်‌ပြေစေမဲ့အရာသည် နေနိုင်အောင်နေခြင်းနဲ့ နေနိုင်ချင်ယောင်ဆောင်ခြင်းတို့ပဲဖြစ်ပါသည်။

တင့်ဝေထွန်းတို့စောင့်ရင်းနဲ့မသုံးတာ ကြာပြီဖြစ်‌သော Facebook ထဲသို့ဝင်လိုက်သည်။ပျင်းတာနဲ့ Storyတွေဝင်ထောက်ကြည့်လိုက်သည်။ကျော်ရင်းကျော်ရင်းနဲ့ရောင်နေခြည် storyကိုရောက်သွားတယ် ပုံလေးတင်ထားသည်။ဘာမှစဉ်းစားမနေဘဲ ကျော်လိုက်သည်။ပြီးနောက် Ph Screen ကိုပိတ်လိုက်သည်။ဆေးလိပ်ကိုတစ်ရှိုက် ရှိုက်လိုက်သည်။အဝေးကိုငေးရင်း ငါနေနိုင်မှရမယ်လို့ပဲတွေးနေသည်။

စက်တင်ဘာမိုးWhere stories live. Discover now