"မသိဘူး ဘာကိုပြောတာလဲ"

"ငါပြောပြမယ်" ဟုဆိုကာဖြစ်သမျှကိုပြောပြလိုက်သည်။

"မင်းငါ့ကိုဘာလို့မပြောပြရတာလဲ"

"ငါပြောပြချိန်မရှိခဲ့ဘူးလေ"

"ဒီလိုဆိုရင်တော့ ကံတရားကကိုမင်းကိုမျက်နှာသာမပေးခဲ့တာပဲ"

"ငါခုလေ ငါကိုငါကိုသတ်သေပလိုက်ချင်တယ်"

"ငါနားလည်တယ် အဲခံစားချက်ကို ခေတ်သစ် ဒါမဲ့မင်းကိုဘယ်လိုအကြံ‌ပေးရမလဲငါမသိဘူး နောက်တစ်ယောက်ပြောင်းကြိုက်ဖို့ပြောရအောင်လဲ ငါမင်းရဲ့ခံစားချက်အစ်အမှန်ကိုငါသိတယ်"

"နောက်တစ်ယောက်ဆိုတာမဖြစ်နိုင်ဘူးကွ
ဒီမှာ ဟောဒီရင်ဘတ်ထဲ
ဟောဒီနှလုံးသားထဲ
ဟောဒီ ဦးနှောက်ထဲ သူတစ်ယောက်ထဲကွ
နောက်တစ်ယောက်ဆိုတာမဖြစ်နိုင်ဘူးကွ"

"ခုငါဘယ်လိုနေရမှာလဲ သူတို့နှစ်ယောက်ကို ငါဘယ်လိုပုံစံနဲ့ကြည့်နေနိုင်မှာလဲ ငါမခံစားနိုင်ဘူးကွာ"

"‌အဲလောက်ဖြစ်နေတာ ယျောင့် ဖြစ်ချက်တာဖြစ် ခုဖွင့်ပြောပလိုက်ကွာ ဝေလျှံဟိန်းကိုဂရုစိုက်မနေနဲ့"

"စည်းဆိုတာရှိတယ်ကွ လူမှန်ရင်ဒီစည်းကိုသိရမယ် ပြီးတော့ ငါသူစိတ်ညစ်မှာကိုမမြင်ချင်ဘူး
သူပျော်တာပဲငါမြင်ချင်တယ်"

"ပြီးတော့ငါဘယ်လောက်ခံစားနေရပါစေ သူပျော်နေရင် ငါရပါတယ်"

ထို့နောက်ခေတ်သစ်တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း မှောက်လာသောကြောင့် တင့်ဝေထွန်းအဆောင်ကိုပြန်ခေါ်လာခဲ့ရသည်။အဆောင်မှာ‌ ‌ခေတ်သစ်အခန်း ကုတင်ပေါ်မှာသိပ်ခဲ့ပြီးပြန်ခဲ့လိုက်သည်။

အချစ်ဆိုတာရူးမိုက်တဲ့အရာမှန်းလူတိုင်းသိသည်။
သို့သော် သိသိရက်နဲ့ရူးမိုက်နေကြသည်။
ကိုယ့်အတွက်မဟုတ်တဲ့လူ
ကိုယ့်အတွက်ရှိပေးနေတဲ့သူ မဟုတ်တဲ့လူ
တခြားသူဆီမှာပျော်နေတဲ့သူ စသည်တို့ကို
ချစ်ခြင်းဖြင့် ကျွန်တော်တို့သည်ရူးမိုက်ကြသည်။

အဆောင်သာပြန်ရောက်လာတာညနေကခေတ်သစ်အပေါ်မှာအားနာမိတယ်။
"ရောင်နေခြည်ပြန်ရောက်နေပြီလား အစောကြီးပါ့လား"

စက်တင်ဘာမိုးWhere stories live. Discover now