မျက်ရည်များကိုတစ်ချက်သုတ်ကာ
"ငါရှိနေတာတော့မသိပါဘူး ဒါမဲ့ငါရှေ့မှာပဲအဖြေပေးလိုက်တာ"
"ဟာ သူငယ်ချင်းဟုတ်လား"
"ဟုတ်တယ်ကွ"
"မင်းအဆင်ပြေရဲ့လား"
"မင်းမို့မေးရက်တယ်ကွာ ငါဘယ်လိုလုပ်အဆင်ပြေမှာလဲ"
ကျွန်တော်သိသည်ခေတ်သစ်အဆင်မပြေဘူးဆိုတာသိုသော်ကျွန်တော်မည်သို့ပင်အားပေးနှစ်သိမ့်ရမှန်းကိုမသိ။
"မင်းဘယ်လိုလုပ်မှာလဲ"
"ဘယ်လိုလုပ်ရမှာလဲကွာ ဘယ်လိုမှလုပ်လို့မရတော့ဘူးကွ အကုန်ပြီးဆုံးသွားပြီ ငါမျှော်လင့်ချက်တွေ အကုန်ပြီးသွားပြီ ဇာတ်လမ်းကဒီမှာပဲ ပြီးသွားပြီ
ငါဘာမှဆက်လုပ်လို့မရတော့ဘူး"
"ငါဘာပြောရမှန်းကိုမသိတော့ဘူးကွာ မင်းခံစားနေရတာတော့ငါသိတယ်"
ခေတ်သစ်မျက်ရည်များကျတာများ၍မျက်လုံးများပင်အစ်လာသည်။
"သိလားတင့်ဝေထွန်း လူတိုင်းလိုလိုအပိုင်ရနေတဲ့အချစ်ကိုငါကျဘာလို့မရရတာလဲ"
"ပြီးတော့ ငါကဘာဖြစ်နေလို့လဲ ငါ့မှာဘာများချို့ယွင်းချက်ရှိနေလို့လဲ"
"ပြီးတော့ကွာ ငါမှာပိုင်ဆိုင်ချင်စရာ ငါမှာရှိတာဆိုလို့သူတစ်ယောက်ပဲရှိတာကွာ အဲတာကိုဘာလို့ ဒီတစ်ယောက်လေးကိုလုယူသွားကြတာလဲကွာ"
"ဘာလို့ငါလဲ ဘာလို့ငါကျမှလဲကွာ"
မျက်ရည်များကျနေသည်မှထိန်း၍ကိုပင်မရပေ။
တင့်ဝေထွန်းဘာမှ ပြန်မပြောနိုင်ပေ သူငယ်ချင်းမင်းရင်ဖွင့်ချင်တာဖွင့် ဆိုပြီးသာပြောနိုင်သည်။
"မင်းမှာအခွင့်ရေးရှိခဲ့ပါတယ်သူငယ်ချင်း မင်းမကြိုးစားခဲ့တာပါ"
"မကြိုစားခဲ့တာမဟုတ်ဘူးကွ ကြိုးစားခဲ့တယ် သူငါကိုဘယ်လိုပြောခဲ့တယ်ဆိုတာ မင်းသိပါတယ်"
"ပြီးတော့အဲလိုသူကိုဖွင့်ပြောဖို့ငါကြိုးစားဖူးတယ်"
"မင်းသိလားငါကားတိုက်ခံရတဲ့အကြောင်းရင်းမှန်ကို"
YOU ARE READING
စက်တင်ဘာမိုး
Romance" အော်လူလူ လူဆိုသည်မှာကလည်း မပိုင်ဆိုင်နိုင်တဲ့အရာကိုမှပိုင်ဆိုင်ချင်တာကို မပိုင်ဆိုင်ခင်ကပိုင်ဆိုင်ချင်သလို မပိုင်နိုင်မှန်းသိတော့လဲ ပိုင်ဆိုင်ချင်တာပဲဗျ" ခေတ်သစ် ငါနင်ကိုသံယောဇဉ်ရှိတယ် ဒါမဲ့ချစ်တာလား မချစ်တာလားတော့ငါမသဲကွဲဘူး ဒါမဲ့ ငါကလွဲပြီးတခြား...
Part -8
Start from the beginning
