"မင်းအားလား"

"အားပါတယ်ဘာလို့လဲ"

"ဘီယာဆိုင်သွားအောင်"

"ဟာခုမှဆေးရုံကဆင်းခါစကြီး ပြီးဟိုနှစ်ကောင်လဲမရှိဘူး"

"ဘာမှမဖြစ်ဘူးလာ နှစ်ယောက်တည်း သွားမယ် မင်းဆိုင်ကယ်ယူမနေနဲ့"

ပြောမရဘူးဆိုတာသိတဲ့ တင့်ဝေထွန်းလဲ ခေတ်သစ်နဲ့လိုက်လာခဲ့သည်။ဆိုင်ရောက်တော့ခေတ်သစ်သည် ဘီယာမမှာပဲ အရက်နှစ်တောင့် မှာလိုက်သည်။

"ယျောင့် မများဘူးလားဟ"

"ခုမှငါးနာရီပဲရှိသေးတယ် ကုန်ပါတယ်"

"မင်းဘာဖြစ်လာတာလဲ ရောင်နေခြည်ကိစ္စလား"

"ခနကွာ ငါမူးမှပြောပြမယ် မမူးပဲပြောမပြချင်ဘူး"

တင့်ဝေထွန်းလဲဘာမှဆက်မပြောတော့ပေ။ခေတ်သစ်သည်အရက်လာချသည်မှစ၍တစ်ခွက်ပြီးတစ်ခွက်နားကိုမနားပဲသောက်နေသည်။ခေတ်သစ်သောက်နေရင်းဘီယာဆိုင်ကသီချင်းဖွင့်နေသည်။သီချင်းက ကောင်းကောင်းရဲ့ ပျော်နေပါသီးချင်းဖြစ်သည်။အချိန်ကိုက်ပါပဲလားသီချင်းလေးအတိုင်းစီးမျောကြည့်တယ်။

🎼နာကျင်စရာ သူပြောတဲ့စကားတွေ🎼
🎼မနာနိုင်အောင်ကိုယ်ချစ်မိနေတော့🎼
🎼ပြန်မလာတောင် နောက်ဆုံးအပြုံးလေးနက်🎼
🎼နှုတ်ဆက်ပေးပါ🎼
🎼ကိုယ်ငိုချင်လို့ 🎼
🎼ငိုနေတောငိကိုယ်ပြုံးပြပါ့မယ်🎼
🎼ပျော်နေပါ့ကိုယ်ချစ်တဲ့ငှက်ကလေး🎼
🎼အဆင်ပြေသွားအောင်ကိုယ်ရဲ့အသည်းကိုခွဲပေးလိုက်ပါတယ်🎼🎼🎼🎼🎼

အရက်ခွက်ကိုင်ရင်းမျက်ရည်များစီးကျလာသည်။

"ဟာယျောင့် လူမြင်ကွင်းကြီးရှက်စရာကြီးဟ ဘာဖြစ်တာတုန်း"

ကျွန်တော်မရှက်နိုင်တော့ပါ
"ရောင်နေခြည်လေ ရောင်နေခြည်"

"ဘာဖြစ်လို့လဲကွရောင်နေခြည်က"

"‌သူ ဝေလျှံဟိန်းကိုအဖြေပေးလိုက်ပြီကွ"

"ဟာဟုတ်လို့လားကွာ မင်းဘယ်လိုသိတာလဲ"

"ညနေကမမ‌နဲ့မုန့်သွားစားတာ သူတို့ထိုင်တဲ့ဆိုင်ဖြစ်နေတယ် ပြီးတော့..."

စက်တင်ဘာမိုးWhere stories live. Discover now