12

183 10 3
                                        

"ကိုကို မနက်ဖြန် ဘာနေ့လဲ သိလား?.."

"မနက် ဖြန်?..အာ မနက်ဖြန်က ကြာသ‌ပတေးမလား?မနက်ဖြန် ဘာရှိလို့လဲ အသဲရဲ့.."

"မနက်ဖြန် ဘာနေ့လဲ ကိုကို တကယ်မသိဘူးပေါ့.."

"သိတယ်လေ ကြာသပတေးနေ့ပါဆို.."

မနက်ဖြန်က သူနဲ့ကိုယ်ရဲ့၃လပြည့် anni။ဒါကို သူဘယ်လောက်အစဖော်ပေး ဖော်ပေး မသိဘူးဆိုလာသူကြောင့် Sean စိတ်တွေ ဘယ်လိုမှမလန်းဆန်းလာတော့ပါ။

"ထားလိုက်တော့.."

စိတ်မရှည်သလို တဖက်လှည့်သွားသူကြောင့် ရိပေါ် ကြောင်အသွားမိသည်။ဘာလဲ? ဘာဖြစ်သွားတာလဲ?။ရက်‌မေးလို့လဲ ပြန်ဖြေတယ်လေ ဒါနဲ့ Seanက ဘာကိုစိတ်ဆိုးသွားတာလဲ ရိပေါ်နားမလည်။Sean နဲ့တွဲနေတဲ့တလျှောက် ဒီလိုအရေးမပါလှတဲ့ စိတ်ဆိုးစိတ်ကောက်တာတွေ ခဏခဏကြုံလာခဲ့ရပြီးပြီမို့ လူကလဲ အတန်အသင့်တော့ စိတ်တိုလာမိသည်။ကလေးလဲ မဟုတ်ပဲ မဟုတ်တာကို အဟုတ်လုပ်ကာ စိတ်ဆိုးစိတ်‌ကောက်တာကို‌တော့ သူတကယ်ကို စိတ်ကုန်ချင်လာမိပါသည်။

တခုခုဆို *ထားလိုက်တော့* *ကိုကိုက ဒါလေးတောင်အလေးမထားဘူး* *ချစ်တယ်ဆိုတာဟုတ်ကောဟုတ်ရဲ့လား မသိဘူး* *ကျွန်တော်ကပဲ ချစ်နေရသလိုပဲ*စတဲ့စကားလုံးတွေနဲ့ တိုက်ခိုက်ခံရတာများလာတဲ့အခါ လူကအလိုလိုနေရင်း သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့စိတ်ကိုပါ သံသယတွေဝင်လာရသည်အထိ ဖြစ်လာရတော့သည်။

ခုလဲ တွေ့ချင်ပါတယ်ပြောလို့ သူ့မှာနေ့ခင်း meeting တစ်ခုကိုဖျက်ပြီး သူသွားချင်လှပါသည်ဆိုတဲ့ ဒီ coffee ဆိုင်ကိုရောက်လာခဲ့ရတာဖြစ်သည်။ရောက်တည်းက ပုံတွေတစ်ပုံပြီးတစ်ပုံစိတ်ကြိုက်ရိုက်ခိုင်းပြီး သူစိတ်တိုင်းကျပါပြီဆိုမှ မှာထားတဲ့ coffee ကိုသောက်ကာ ကိုယ့်ကိုရစ်တဲ့လုပ်ငန်းစနေတာဖြစ်သည်။

"မဟုတ်သေးဘူးလေကွာ ကိုယ်မသိဘူး မေ့နေတာမျိုးဆိုလဲ Sean ရှင်းပြ ပြောပြလိုက်ရင်ရပြီလေ ဘာမဟုတ်တာလေးကို ဒီလိုမျိုး စိတ်ဆိုးစိတ်ကောက်နေစရာမှ မလိုတာ.."

"ဘာ!..ဘာမဟုတ်တာ..ဟုတ်လား?.."

"အင်းလေ မနက်ဖြန်က Sean မွေးနေ့လဲ မဟုတ်သလို ကိုယ့်မွေးနေ့လဲ မဟုတ်ဘူးလေ..အဲ့တော့ ဘာအရေးကြီးတာမှ မဖြစ်နိုင်တော့ဘူးလေ..ပြီးတော့ ရက်လေးတခုမေ့နေတာလေးနဲ့ ကိုယ်တို့တွေ့ပြီးပျော်နေချိန်လေးကို အပျက်ဆီးခံမလို့လား Sean က.."

If and When  (အကယ်၍များ)Wo Geschichten leben. Entdecke jetzt