*အခု ငါ့အရှေ့မှာရှိတဲ့ ယောက်ကျားကြီးက မဟာသက္ကရာဇ်ပြည်ရဲ့ အကောင်းဆုံးစားဖွယ်တွေကိုမှ တည်ခင်းသုံးဆောင်တတ်ပြီး အဆိုးရွားဆုံး *မင်းဆိုး* ဖြစ်တဲ့ ယုဇသိင်္ဂမိုင်းမင်း ပဲ *

"အရှင်မင်းကြီး ဤ‌ယောက်ကျားသားကို သေဒဏ်ချမှတ်တော်မူပါ ဘုရား"

"သေဒဏ်ချမှတ်တော်မူပါ ဘုရား"
"သေဒဏ်ချမှတ်တော်မူပါ ဘုရား"
"သေဒဏ်ချမှတ်တော်မူပါ ဘုရား"

အမတ်အုပ်စုထဲက မှ တစ်ယောက်ဟာ အရှေ့ကပြောတာကြောင့် နောက်အမတ်များကလဲထောက်ခံကြောင်းပြလေသည်။

ယိင်းလွန်းအယောင်ယောင်အမှားမှားဖြင့် သူ့ရှေ့ကထိုဘုရင်အားမော့ကြည့်လိုက်မိတော့ ထိုသူက ပုလ္လင်ပေါ်ကနေထကာ သူ့ဆီတစ်ဆင့်ချင်းလမ်းလျှောက်လာလေသည်။

"ဒီ ယောက်ကျားက မနေ့က ထူးဆန်းတဲ့ဟင်းလျာကို တည်ခင်းဆက်သပြီး ငါကိုယ်တော်ကို စိတ်အာရုံကိုရှုပ်ထွေးအောင် လုပ်ခဲ့တဲ့အတွက်..... ချွမ်းးးးးး"

ပြောပြောဆိုဆို ဘေးနားက သက်တော်စောင့်ဆီမှဓားကိုဆွဲထုပ်လိုက်တာကြောင့် ယိင်း‌လွန်း လန့်သွားရသည်။

"အခုချက်ချင်း! ဤယောက်ကျားကို!"

ဓားဖြင့်ချိန်ကာ.......

"တော်ဝင်စားဖိုမှူးချုပ်အဖြစ် တာဝန်ခန့်အပ်စေ!!"

" ဗျာ"

ထိုသူက ပြောလိုက်တာကြောင့် အမတ်တွေရော ယိင်းလွန်းပါ အံ့ဩသွားရကာ

" ဘာ တော်ဝင်စားဖိုမှူးချုပ် ဟုတ်လား"
"တော်ဝင်စားဖိုမှူးချုပ်လား"

စသဖြင့် အမတ်ပေါင်းများစွာ ပါးစပ်မှထွက်ပေါ်လာကြသည် ထိုအခြင်းအရာများကို ဘုရင်ဆိုသူက ဂရုမစိုက်ဘဲ ဆက်ဆိုလာသည်

"ဒီနေ့ကစပြီး တစ်နေ့မှမပျက်မကွက်ဘဲ နေ့တိုင်း
ငါကိုယ်တော်အတွက် ချက်ပြုတ်ပေးရမယ် သို့သော်လဲ ငါကိုယ်တော်ကို တစ်ရက်ဖြစ်ဖြစ် တူညီတဲ့ဟင်းလျာကို ဆက်သမိရင်သော်လည်းကောင်း၊ ငါကိုယ်တော်ခံတွင်းမတွေ့သော်လည်းကောင်း အဲ့ဒီ့အချိန်ကျရင် သေဒဏ်ချမှတ်ခံရမယ်"

*ဟားးးးး ရူးတော့မှာဘဲ ငါအခုချိန်ထိ မီချယ်လင် ကြယ် ၃ပွင့်အဆင့် စားဖိုမှူးဖြစ်ဖို့အတွက် အိမ်မက်မက်ခဲ့တာ ကံဆိုးတဲ့ငါလေးက ဒီ *မင်းဆိုး* ရဲ့စာဖိုမှူးဖြစ်လာတယ်တဲ့လား ဆိုးလိုက်တဲ့ငါ့ဘဝလေး အမလေးးးးးးးး* အတွေးတေနဲ့ငိုင်နေတာကြောင့် ပုံစံက သူ့ကို မကျေနပ်လို့ မျက်လုံးလှန်ကြည့်နေတဲ့ပုံဖြစ်နေကာ

"မင်း ပြောစရာစကားထပ်ရှိသေးတာလား ဒါမှမဟုတ် သေချင်ပြီလား!!!!"

" အားးးးးးးးး"

ခပ်ဩရှရှလေသံမာနှင့်‌ပြောယုံအပြင် လက်ထဲကဓားနဲ့ပါရွယ်ပြီးခုတ်လိုက်တာကြောင့် ယိင်းလန့်ဖြန့်ကာ မျက်လုံးကိုသာ ဖိမှတ်ကာအသကုန်အော်မိလိုက်သည်။
အချိန်တော်ကြာ ဘာထိခိုက်မှမှကျမလာတာကြောင့် မျက်လုံးကိုဖြေးဖြေးဖွင့်ကြည့်လိုက်လေသည်။ ပြေသွားသည့်ကိုယ်ပေါ်မှချည်ထားသည့်ကြိုးများ၊ လန့်လန့်ဖြင့် ခန္ဓာကိုယ်ကို လက်ဖြင့်လိုက်စမ်းမိသည် အဓိက ကလည်ပင်းပင် ဒီ*မင်းဆိုး*ကယုံရတာမဟုတ်

*နောက်ဆုံးကျရင်လဲ ငါ့ကိုသတ်မှာလားမသိဘူး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ငါသေလို့မရဘူး ငါအသက်ရှင်လျက် ပြန်သွားရမယ် သေချာပေါက်ကို ပြန်သွားရမယ်* ထို့နောက်မျက်လုံးအသာမှိတ်ကာလေပူတချို့မှုတ်ထုပ်လိုက်ပြီးပြောလိုက်သည်က

"အရှင်မင်းကြီး အရှင်မင်းကြီးကို အစားအသောက်နဲ့ စိတ်ရှုပ်‌ထွေးအောင်လုပ်မိတဲ့အတွက် ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ် မျှတတဲ့သဘောတူညီမှု မဟုတ်ဘူးဆိုပေမယ့်လဲ ကျွန်တော်မျိုး အဆုံးထိ အကောင်းဆုံး တာဝန်ထန်းဆောင်ပါ့မယ်"
သူလဲ မတောက်တခေါက်ရှေးခေတ်အညီပြန်ပြောလိုက်ကာ

*ငါလေးတော်လိုက်တာ ဟားဟားဟား* ကိုယ့်ကိုကိုယ်ပြန်ချီးကျူးလိုက်လေသည်
ယိင်းအပြောကြောင့် မူးမတ်များစွာကြားတီးတိုးသံဆူညံသွားလေသည်။ အရှင်မင်းကြီးဆိုသူကလဲ ယိင်းအပြောကြောင့် လက်ထဲကဓားကို သက်တော်စောင့်ကိုပေးပါ ပုလ္လင်တော်ထပ်ပြန်လျှောက်သွားလေသည်။

___________________________________________________

ငါ့နာမည် ယိင်းလွန်းနွယ်

ယုံချင်စရာမကောင်းပေမယ့်

ငါက 2025ခုနှစ်က လာခဲ့တာ

ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာခဲ့တာလဲဆိုတော့။

Next part..........
Words - 1032
Thanks for reading

ᴍʏ ᴏᴡɴ ʟᴏᴠᴇʟʏ ᴄʜᴇꜰ (ᴏɴɢᴏɪɴɢ) Where stories live. Discover now