Chapter 1
သာယာသောမနက်ခင်းတစ်ခုမှာ၊ မိုးတိမ်တွေက အကောင်းဆုံးအလှတရားကို ဖော်ပြနေသလို၊ နေရောင်က မိုးတိမ်ကြားကနေ ဖြတ်ထွက်လာပြီး မြင်ကွင်းတစ်ခုလုံးကို ရောင်ပြန်စေတယ်။ တစ်ချို့မိုးတိမ်တွေက ထူထဲပြီး တခြားတစ်ချို့ကတော့ ပျော့ပြတ်နူးညံ့နေကြတယ်
တစ်နေရာမှာတော့ လူခုနှစ်ယောက်ဟာ ယောက်ကျားငယ်လေးတစ်ယောက်ကိုကြိုးတုပ်ကာ ခုနှစ်ယောက်အနက် ခေါင်းဆောင်လို့ထင်ရတဲ့သူက အရှေ့ကနေ ဦးဆောင်ပြီးသွားနေလေတယ် ကြိုးတုပ်ခံထားရတဲ့ကောင်လေးကိုတော့ နောက်လိုက်လို့ထင်ရတဲ့ လူနှစ်ယောက်ကထိန်းကာခေါ်လာလေသည် ထိုသူတို့နောက်တွင်လဲ ကျန်သူခြောက်ယောက်က ထပ်ကြပ်မကွာ။
" အရှင်မင်းကြီး
တော်ဝင်စားဖိုဆောင်ရဲ့ ယိင်းလွန်းနွယ် ကို ဖမ်းခေါ်လာခဲ့ပါပြီ "
လှေခါးထစ်ပေါင်းများစွာကို ကျော်တက်ခဲ့ပြီးသည့်နောက် ညီလာခံတံခါးကိုတွန်းဖွင့်ခါ ခနကလူအုပ်ထဲက ခေါင်းဆောင်ဖြစ်သူ ပြောလိုက်ခြင်းပင်၊ ခပ်နွမ်းနွမ်းအင်္ကျီ အဖြူတစ်ထည်နှင့် ပုဆိုးကိုဝတ်ဆင်ထားတဲ့ ယောက်ကျားငယ်လေးကို ဆွဲကာ ညီလာခံထဲမှ မူးမတ်တွေကိုကျော်ဖြတ်လာကာ ဘုရင်ရှေ့မှောက်သို့။
ရာဇပလ္လင်ပေါ်တွင် ထိုင်နေသောယောက်ကျား အရယ်အပြုံးမရှိသောမျက်နှာ၊ တွန့်ချိုးထားသောမျက်ခုံးမွှေးထူထူတွေ၊ ပြေပြစ်သောနှာတံချွန်ချွန်၊ မထူမပါး နှာခမ်းတွေက တင်းတင်းစေ့ပိတ်ထားပါ့သော်လည်း ချောမောခန့်ညားသည့်မျက်နှာက မပျောက်ပျက်သွား အထူးခြားဆုံးကတော့ မျက်လုံးတစ်စုံပင် ၊ မျက်ဝန်းညိုတစ်စုံဟာ ရေသေအလား တည်ငြိမ်နေကာ တစ်ချက်ချက်ကြည့်လိုက်တဲ့အကြည့်စူးစူးဟာ သိမ်းငှက်တစ်ကောင်ပမာ၊ မျက်လုံးညိုတွေဟာ မိုးမခတ်တဲ့ညအလယ်မှာ မီးတောက်များလိုပင် စူးရှစွာထင်ဟပ်နေသလို၊ မျက်ဝန်းညိုတစ်စုံက စူးစမ်းမှု၊ သတိထားမှု၊ တည်ငြိမ်မှုနဲ့ဩဇာအာဏာအပြည့်ရှိကြောင်းတစ်ပြိုင်တည်းဖော်ပြနေတယ်။
ယိင်းလွန်း တစ်ယောက် အဖမ်းခံလာရပြီး ဘုရင်ရှေ့မှောက်ရောက်ရှိလာရလေသည် ။ သူ့အရှေ့ကသူကြောင့် ခေါင်းကိုငုံ့၍ ဒူးထောက်နေရကာ
YOU ARE READING
ᴍʏ ᴏᴡɴ ʟᴏᴠᴇʟʏ ᴄʜᴇꜰ (ᴏɴɢᴏɪɴɢ)
Romancetime travel (bl) (18+) စိတ်ပါသလောက်ရေးပါမယ် Start date - 2.10.2025 🌀 end date - ?
