မျက်ခုံးတန်းတို့တွန့်ချိုးရင်း တိုးဝင်လာတဲ့ထိုဓားကိုကြည့်မိခိုက်သည့်အခိုက် ဘေးဘက်မှအရှိန်နဲ့ ဝင်ရောက်လာသည့် ဓားတစ်လတ်သည်ထိုဓားအားထိတိုက်လို့ဘေးဘက်သို့လွင့်ထွက်သွားစေသည်။
လျိုဆွေဖုန်းတစ်ယောက်ဘေးသို့လှည့်ကြည့်လိုက်မိတော့ အနက်ရောင်ပေါ်အနီရောင်အနားကွပ်တို့နှင့် ဝတ်စုံအားဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်သည် အပြေးရောက်လာပြီး လျိုဆွေ့ဖုန်းရှေ့စိုက်နေသည့် သူ့ရဲ့ဓားရှည်ကို ဆွဲနုတ်လိုက်ပြီး အနက်ဝတ်နဲ့လူတွေဆီအပြေးဝင်သွားလိုက်တော့သည်။
ခဏအကြာတွင်တော့ အနက်ဝတ်နဲ့လူတွေအားလုံး
လဲကျသွားပြီး ထိုလူငယ်လေးသည်လည်း သူ့ဓားအား ဓားအိမ်ထဲသို့ပြန်ထည့်လို့ လှည့်ကြည့်လာလေသည်။
လျိုဆွေဖုန်းသည်ထိုလူငယ်လေးအားကြည့်လို့ သက်ပြင်းတစ်ချက်ချလိုက်မိပြီးနောက်တော့ မျက်ဝန်းတို့မှိတ်ကျသွားလျက် မြေပြင်ထက်လှဲကျသွာလေသည်။ နောက်ဆုံးမြင်လိုက်ရသည်က ထိုလူငယ်လေးသူ့ဆီအပြေးလာနေတာကိုပင်။
>
>
>
အနည်းကိုက်ခဲနာကျင်နေလျက် နိုးလာရပြီး မြင်နေရသည့် သစ်သားတန်းအမိုးတို့သည့် ရင်းနှီးသည့်နေရာမဟုတ်။ ဘေးနားမှာလူရှိနေသည်ကို သတိထားမိပြီး သတိကပ်လို့ ထထိုင်ရင်း လည်ပင်းအားတံတောင်နဲ့ ဝိုက်ညှစ်လိုက်ပြီး
"မင်းဘယ်သူလဲ ငါ့ကိုဘယ်ခေါ်လာတာလဲ"
လည်ပင်းအညှစ်ခံထားရသည့်လူသည်တော့ ခြေကားယား လက်ကားယားနဲ့ရုန်းကန်လို့နေပြီး
"မင်း!.. မင်းအရင်လွှတ်.. အ့ .. လွှတ်.. ငါမင်းကိုကယ်ထားတာလေ.."
ထိုအခါမှ လျိုဆွေဖုန်းမျက်ခုံးတန်းတို့ပင့်တက်သွားရပြီး သူ့လက်ထဲကလူအား လွှတ်ပေးလိုက်လေသည်။ ထိုလူသည်တော့ သူ့လည်ပင်းထက်သူပွတ်သတ်ရင်း လေကိုအပြင်းအထန်ရှူရှိုက်နေရှာပြီး
"မင်းဒါကအရမ်းလွန်တာပဲ"
လျိုဆွေဖုန်းသည်စကားသံကြောင့်ထိုလူရဲ့မျက်နှာအား လှည့်ကြည့်လိုက်မိသည်တစ်ခဏ လောကကြီးတစ်ခုလုံးသည် ခဏတာရပ်တန့်သွားရလေသည်။
DU LIEST GERADE
နေရောင်အောက်မှာတောက်ပတဲ့ ကြယ်
Fanfictionချစ်ခြင်းတွေကိုအဓိပ္ပာယ်ဖွင့်ဖို့ဆို ရာထောင်ချီတဲ့ ဒီစကားလုံးတွေက မပြောပလောက်ပါဘူး။ လျို့ဆွေ့ဖုန်း × ရှောင်ချိုးရွှေ × လီချန်းကျိုး သဘောကျမှဖတတ်ပါ။ Start Date "26.9.2025" (Fri) End Date.. ~~~~~~~~~~~~~~~~~~~~~~~~~~
Part - 1 🌠
Beginne am Anfang
