"မေမေ.."
"ရှင့်.."
"သမီးတို့အတန်းပိုင်ဆရာမကချောလိုက်တာအရမ်းပဲ"
"သမီးလေးဆီကအဲ့လိုကြားရတာဒါပထမဆုံးပဲ"
"တကယ်ချောလို့ပေါ့မေမေရယ်"
"ဟုတ်ပါပြီရှင်.."
"ဒီသားအမိတွေဘာတွေပြောနေကြတာလဲ.."
သားအမိနှစ်ေယာက်စကားပြောနေတုန်းအဖွားဖြစ်သူဝင်လာခဲ့လေသည်။ ထိုအမျိုးသမီးမှာအလွန်ကျက်သရေရှိလှသည်။ အဖွားဟုဆိုသော်လည်းအရွယ်မှာအလွန်နုပျိုလှသည်။ သူမသည်ဆရာမဟောင်းတစ်ဦးဖြစ်ေလသည်။ မြေးကလေးနမည်မှာတော့ခင်နှင်းစက်။ ထိုကလေးမသည်အဖွားဖြစ်သူနှင်မိခင်ဖြစ်သူထံမှအလှတရားများကို အမွေရထားလေသည်။ မိခင်ဖြစ်သူမှာတော့ မေယွန်းခက်။ လှပသောမျက်နှာလေးအားမိခင်ဆီမှအမွေရထားသော်လည်း မိခင်အားမမှီပေ။
"ဖွားဖွား.."
"လာပါဦး ဖွားမြေးလေ"
"လှလိုက်တာဖွားဖွား"
"ဒီကလေးကတော့"
"မေမေ့မြေးက သူ့အတန်းပိုင်လှကြောင်းပြောနေတာမေမေရေ"
"ဟုတ်လား ဆိုပါဦး"
"ဆရာမကလေ အသားလည်းဖြူတယ်၊ ချစ်ဖို့လဲကောင်းတယ်၊ ချောလည်းချောတယ်၊ အသံကလည်းလေနူးညံ့ပြီးတော့ နေပုံထိုင်ပုံကလည်းမိန်းမသားဆန်တယ်၊ တစ်ခါတစ်ခါ ဖွားဖွားနဲ့အမူအရာလေးတွေတောင်တူသေးတယ် "
"ဒီကလေးအဲ့လောက်တောင်ချီးမွမ်းခန်းဖွင့်နေတာ မေမေတော့သမီးဆရာမကိုတွေ့ချင်သွားပြီ"
"ကြည့်ပါဦးမယ်"
"ဟုတ်ပါ့"
တစ်ရက်တွင် နှင်းစက်ေနမေကာင်းသဖြင့် သူမဆရာမမှေမ့အားဖုန်းဆက်ေခါ်ေလသည်။ မေသွားကြိုသော်
"တီချယ်..မေမေလာပြီ.."
"ဟုတ်ပြီ"
မေရောက်လာသောကြောင့် နှင်းစက်လည်းနားနေခန်းထဲတွင်အမှတ်ခြစ်နေသော သူမအတန်းပိုင်အားသွားခေါ်လေသည်။
"နှင်းမေမေနော်...ကျမကနှင်းရဲ့အတန်းပိုင်ဆရာမ ဒေါ်ေစာကလျာပါ"
YOU ARE READING
"Forever"
Short Storyဒေါ်မြတ်သွေးခင် "တီချယ်.." ဒေါ်စောကလျာ "ထာဝရအတွက်" ဒေါ်နှင်းဆီဖြူ "ဘာလို့တီချယ့်ဘဝထဲစောစောမရောက်လာခဲ့တာလဲကလေးရယ်"
