သုံးလကျော်မျှ ကြာပြီးသော် ။
အတိအကျပြောရရင် ရက်ပေါင်း ( ၁၁၂ )ရက် တိတိပင် ။
တိတ်ဆိတ် အေးချမ်းကာ မနက်ခင်း နေရောင်ခြည်သည် ဟွမ်ယွမ်တောင်တစ်ခုလုံးအား ကျဆင်းနေသည် ။ ကျေးငှက်တို့၏ ကျီကျီကျာကျာ အော်မြည်သံ ၊ရံဖန်ရံခါ လင်းကြက်တွန်သံ တို့ကို ကြားရသည် ။
တောင်ပတ်ဝန်းကျင်သည် စိမ်းစိုကာ လေတစ်ချက်တိုက်တိုင်း သစ်ရွက်ငယ်တို့မှာ လေအဝေ့နှင့် အတူ လွင့်ပါသွားသည် ။
အဆောင်အရှေ့တွင် သန့်ရှင်းလုပ်နေကြသော လူငယ်သုံးယောက်ရှိသည် ။ ၎င်းတို့မှာ ချီရှန်းယွမ် ၊ ပိုင်ရွှယ်ကျန့် နှင့် ဝမ်စန်းရန်တို့ဖြစ်သည် ။
" စန်းရန် ရှစ်တိ .....ဒီရွက်ခြောက်တွေကို ဟိုအပင်အောက်မှာပုံလိုက်ပါ.."
" ဟုတ်ကဲ့ ရှစ်ရှုန်း "
ပိုင်ရွှယ်ကျန့်မှ တံမြက်စည်း လှည်းကျင်းနေသော ရှစ်တိတို့အား ကြည့်ကာ ဆရာဖြစ်သူ၏ အဆောင်သိူ့ နွမ်းလျသော မျက်ဝန်းများ ဖြင့် ငေးကြည့်သည် ။ သူ၏ အကြည့်တို့အား သတိထားမိသော စန်းရန်မှာ...
" အာ့ရှုစ်ရှုန်း....အာ့ရှစ်ရှုန်း...."
အတွေးလွန်နေ၍ ဝမ်စန်းရန်၏ အသံအား မကြားပေ ။ ပုခုံးအား လာပုတ်မှ အသိဝင်ကာ ....
" ဟင် "
ဟူသော အာမေဋိတ် အသံပေးပင် ထွက်လာသည် ။
" ဘာတွေအတွေးလွန်နေတာလဲ ကျွန်တော်ခေါ်နေတာ နှစ်ခါရှိပြီး..."
" စိတ်မရှိပါနဲ့ ရှစ်တိ ဘာများဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး..ရှစ်ရှုန်းငေးနေတာတွေ့လို့.."
" အင်း.........ရှစ်စွမ်း ပြန်မနိုးလာသေးတာ ရက်ပေါင်း တစ်ရာကျော်လာပြီး....အဲ့အကြောင်းတွေးမိရင် ရင်မောရလို့ပါကွာ..."
" ကျွန်တော်တို့လည်း အတူတူပါပဲ.....ရှစ်စွမ်းက..ဘယ်အချိန်မှ ပြန်လာမလဲမသိပေမဲ့... ကျွန်တော်တို့လဲ တက်နိုင်သမျှကြိုးစားနေကြတာပဲလေ မဟုတ်ဘူးလား "
" ကဲကဲ ....လုပ်စရာရှိတာပဲ ဆက်လုပ်ကြရအောင် စကားများနေရင် တာ့ရှုစ်ရှုန်း ဆူလိမ့်မယ် "
YOU ARE READING
ဆရာသခင်က အချိန်တိုင်း ဆာလောင်နေတယ် ။
Fantasyချန်ရှန်းဂိုဏ်း၏ ဂုဏ်ရှိန်ကြီးမားသော အကြီးအကဲဖြစ်သူရဲ့အပျက်ဆန်သည့်ပုံရိပ်များ ။ ၁၈နှစ်အောက်များဖတ်ရန်မသင့်လျှော်ပါ ။
