Unicode
စျာပနာခန်းမဆောင်ထဲရှိ ဆောင်းဦးရာသီနှောင်းပိုင်းရဲ့ ညတစ်ည၏ အပူအချိန်သည် အေးစက်နေလျက်ရှိသည်။ ရှင်းယဲ့သည် ဖောက်ထွင်းမြင်နိုင်သော အခေါင်းဘေး၌ ရပ်နေခဲ့ကာ သူ့လက်ချောင်းတွေက ၎င်း၏အစွန်းပေါ်တွင် နေရာယူထားသည်။ သူ့လက်သည် အအေးဒဏ်ကြောင့် ထုံကျင်ကာ ခံစားချက်တွေအားလုံးကိုဆုံးရှုံးနေပြီးပြီ ဖြစ်သည်။
အခေါင်းထဲ၌ လဲလျောင်းနေသည့်လူအား စိုက်ကြည့်လိုက်သည်။ ထိုယောကျာ်းသွင်ပြင်က ရှင်းယဲ့နှင့် 50% တူပေမဲ့လည်း သူ့ရဲ့မျက်နှာဟာ ရှင်းယဲ့၏ အမြဲတစေအေးတိအေးစက်အမူအရာနှင့်မျက်နှာထက် ပိုနွေးထွေးလေသည်။
မင်းရဲ့အကျင့်က မင်းရဲ့မျက်နှာမှာ ပေါ်နေလိမ့်မည်။ သူ့ရဲ့သွင်ပြင်လိုပဲ ရှင်းရှော့က အလွန်သိမ်မွေ့ပြီး သူတွေ့သမျှ လူတိုင်းအပေါ် ကြင်နာတတ်သူဖြစ်သည်။
သူက ရှင်းယဲ့ထက် ၅နှစ်ငယ်သည့် ညီလေးဖြစ်သည်။ ဤနှစ်၌ သူသည် အသက် ၂၄နှစ်သာ ရှိသေးသော်လည်း အေးစက်လှသည့် အခေါင်းထဲ၌ လဲလှောင်းနေပြီ ဖြစ်သည်။
လူသူကင်းမဲ့နေသည့် စျာပနာပွဲခန်းမထဲ၌ ရှင်းယဲ့ တစ်ယောက်ထဲ မတ်တပ်ရပ်နေခဲ့ပြီး တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်နေခဲ့သည်။
လွန်ခဲ့သော ကိုးနှစ်က သူတို့မိဘတွေ မတော်တဆမှု ဖြစ်ပွားပြီးကတည်းက သူတို့နှစ်ယောက်သည် အသက်ရှင်သန်ဖို့အတွက် တစ်ယောက်ကို တစ်ယောက် မှီခိုခဲ့ကြသည်။ သူတို့ဟာ တစ််ဖက်လူရဲ့တစ်ဦးတည်းသော မိသားစု၀င်သာ ဖြစ်သည်။
ယခုတော့ ရှင်းရှော့လည်း သူ့ကို ထားသွားပြီဖြစ်သည်။
သူ ရှင်းရှော့ရဲ့သေဆုံးမှု သတင်းကို ကြားသည့်အချိန်၌ ရှင်းယဲက နိုင်ငံခြားမှာဖြစ်သည်။ သူ့ရဲ့ငယ်ရွယ် ကျန်းမာလှသည့် ညီလေးက ဒီလိုမျိုး ကမ္ဘာကြီးကနေ ထွက်သွားခဲ့ပြီဆိုတာကို ဘယ်လိုမယုံကြည်နိုင်ခဲ့ပေ။
သူသည် ချက်ချင်းပင် သူ့အလုပ်တွေအားလုံးကို သူ့လက်အောက်ငယ်သားတွေဆီ လွှဲအပ်ပေးပြီး တရုတ်သို့ ပြန်လာခဲ့သည်။ ကွယ်လွန်သူ၏ တစ်ဦးတည်းသော မိသားစု၀င်အဖြစ် ရှင်းရှော့၏ သေဆုံးမှုကို စစ်ဆေးရန် ဖြစ်သည်။ သို့သော်ငြာ်း ရဲတွေပဲဖြစ်စေ ဆေးရုံကပဲဖြစ်စေ သူတို့အကုန်လုံးက ရှင်းယဲ့ကို တူညီသည့် အဖြေကိုသာ ပြန်ပေးခဲ့ကြသည်- ရုတ်တရက်နှလုံးရပ်သွားခြင်း။
