RUN UNIZG 30

626 55 16
                                        

"သားတို့ပြောတာတကယ်ပဲလားကွယ် ၊ အရီးကြားနေတဲ့ကိုယ့်နားကိုယ်​တောင်မယုံနိုင်ပါဘူးကွယ် ၊အရီးသမီးလေးကအဲလောက်ထိအဖြစ်ဆိုးနေတာတဲ့လား ၊အိမ်ကလူကြီးရေ ကျွန်မသမီးလေး ကျွန်မသမီးလေးအဖြစ်ကိုကြားရဲ့လား"

"အမေကြီးစိတ်လျှော့စမ်း စိတ်လျှော့၊ ခုကငိုနေလည်းဘာမှထူးမလာတော့ဘူး ငါတို့သမက်ကိုပဲသေချာမေးပြီး လုပ်သင့်တာကိုလုပ်ရမဲ့အချိန်ဖြစ်နေပြီ"

Jiminတို့ညကကြုံခဲ့ရတဲ့အကြောင်းနဲ့ သူအိမ်မက်မက်ခဲ့တဲ့အကြောင်းကို သေချာပြောပြပြီးတဲ့နောက် အရီးကကလေးတစ်ယောက်ပမာငိုကြွေးပါတော့သည်၊ အဘလည်းအရီးဖြစ်သူငိုနေတာကိုမကြည့်ရက်နိုင်စွာပဲ အရီးပခုံးကိုပွတ်သပ်ချော့နေပြန်သည်၊သူကိုယ်တိုင်လဲ မျက်လုံးထောင့်ကမျက်ရည်တွေကိုခိုးသုတ်နေပြန်သည်။

"လူလေးတို့ပြောတာ အဘတို့ယုံတာမို့ အဘတို့သမီးလေးဒီဘဝကလွတ်မြောက်အောင်ကူညီပေးပါလို့ အဘကထပ်တောင်းဆိုပါရစေ"

"စိတ်ချပါအဘ ၊ကျွန်တော်တို့အတွေ့နဲ့သေချာကူညီပေးပါ့မယ်၊တစ်ခုထပ်လိုနေတာက ကျွန်​တော်တို့နဲ့ပူးပေါင်းပေးဖို့ အဘတို့ရဲ့သမက်ပြောပေးစေချင်တယ်၊ ခုကိစ္စအားလုံးက သူနဲ့သက်ဆိုင်တာမို့ သူသာကူညီပေးမယ်ဆို ခုကြုံနေရတဲ့ကိစ္စတွေကခဏလေးနဲ့ပြီးဆုံးသွားနိုင်တယ် အဘ"

Jiminပြောသမျှကိုငြိမ်ငြိမ်လေးနားထောင်နေတဲ့အဘက အဝေးကိုခပ်ဆွေးဆွေးလေးငေးကြည့်နေသည်၊မျက်ဝန်းထဲမှာလည်း နာကျင်မှုတို့ကမခန့်မှန်းတတ်လောက်အောင်များနေသည်ကို jiminခံစားမိပါသည်။

"ထွိ မနေ့တနေ့ကမှရွာကိုရောက်လာတဲ့ကောင်တွေက အဘနဲ့အမေကိုဘာတွေလာအာချောင်နေတာလဲ၊ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဆိုဝင်မပါသင့်တာ မင်းတို့ကောင်တွေမသိကျတာလား.."

ပြောပြောဆိုဆိုနဲ့သူတို့ကိုချဥ်တူးတူးကြည့်ကာ လူတစ်ယောက်ဝင်လာခဲ့သည်၊ ထိုသူကတော့အဘနဲ့အရီးတို့ရဲ့သမက်ပင်ဖြစ်သည်။

"ဟဲ့သား ဧည့်သည်ကောင်လေး​တွေကိုဘယ်လိုတွေပြောနေတာလဲ မင်းနဲ့တော့ခက်လိုက်တာ.."

RUN..Where stories live. Discover now