1 U/Z

6.3K 47 2
                                        

Uni

"အပိုင်း ၁"

(အခန်း-၁)

ချစ်သည်းရှင်တဲ့။ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အမျိုးသမီးငယ်လေးတစ်ဦး။ ယောကျာ်းတစ်ယောက်ရဲ့ စွန့်ပစ်မှု နောက်ကွယ်မှာ ပတ်ဝန်းကျင်က မေးငေါ့မှုတွေကို သူမသည် ခါးသီးစွာ ခံစားခဲ့ရဖူးသည်။ ဒီနှစ်တွေထဲမှာ သူမ တည်ငြိမ်လာသည်။ သူမသည်  ဝါသနာပါသည့် ပန်းအလှဆင်ခြင်း အလုပ်လေးကို လုပ်ပြီး ဘဝကို အေးဆေးစွာ ဖြတ်သန်းနေခဲ့သည့်မှာ ကိုကို ထားခဲ့ချိန်မှ ဖြစ်သည်။ ထိုအချိန်မှ ဆိုလျှင် ၈ နှစ်ဝန်းကျင်ရှိခဲ့ပြီ ဖြစ်သည်။ အခုဆို ဦးလေးလည်း သူ အပြစ်တွေအတွက် ပေးဆပ်ရင်း ထောင်ထဲမှာပင် သေဆုံးသွားခဲ့ပြီ။ ဦးဂုဏ်ရောင်ကရော။ ထောင်က ပြန်လွှတ်လာပြီး သူမိသားစုနှင့် သာယာနေခဲ့ပြီ။ ကိုကိုတိုင်းကရော။ သူမကို အရမ်းမုန်းနေသည့် ယောကျာ်းက သူမကို စွန့်ပစ်၍ ထွက်ခွာသွားတာ ကြာခဲ့ပြီ ဖြစ်သည်။သူမဘဝကတော့ အရာရာ နေသားကျခဲ့ပြီ ဖြစ်သည်။

"မမ သဲ ထမင်း မဆာသေးဘလား"

သဲ ပန်းစည်းနေရာမှ ပြုံးလိုက်ပြီး

"မမ မဆာသေးဘူး။ သီသီ ဆာရင် စားတော့လေ"

"ဟုတ်ကဲ့ မမ။ သီသီ ဟင်းတွေ ဦးဖယ်ထားမယ်နော်"

"ဟုတ်ကဲ့ပါရှင့်"

ဆိုင်အကူကောင်မလေး၏ ဟင်းဦးဖယ်ထားမည် ဆိုသော စကားကြောင် သဲ ပြုံးလိုက်မိသည်။ ချစ်သည်းကို ရင်းနှီးသည့် လူများက  သဲ ဟုသာ ခေါ်ခဲ့သည်။ သဲ သည် တစ်နေကုန် ပန်းဆိုင်မှာ ပန်းရောင်းတတ်ပြီး ညနေရောက်လျှင် မမဘေဘီ၏ သားနှင့် သမီးကို စာသင်ပေးနေခဲ့တာ ကြာပြီ ဖြစ်သည်။ ထိုကလေးတွေကို စာသင်ပေးနေခဲ့၍ သဲကို မျက်နှာပြောင် တိုက်တယ်ဟု ပြောရင်လည်း အပြောခံလိုက်တော့မည် ဖြစ်သည်။ လက်ရှိမှာ သဲ ဘဝရပ်တည်ရေးအတွက် သဲ သမာအာဇီဝ ကျသည့် ဘယ်အလုပ်မဆို လုပ်နေရမည် ဖြစ်သည်။ သဲ ကိုကိုနှင့် ကွာရှင်းပြီးကတည်းက မိဘတွေက အမွေပြတ်စွန့်လွှတ်ခဲ့သည်။ ကိုကို ပေးသည့် မယားစရိတ်ဆိုတာကိုလည်း သဲ လက်မခံခဲ့ပေ။  အဲ့ဒီငွေတွေအားလုံး ကိုကို့ကို ပြန်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့ပြီးသာ ဖြစ်သည်။ ယခုတော့ သဲသည် သဲ ကိုယ်ပိုင်ဝင်ငွေ နှင့်သာ ဘဝကို ဖြတ်သန်းလျက်ရှိသည်။

အချစ်ဦးသူရဲ့အမုန်းStories to obsess over. Discover now