"မသိရင် အရှေ့မှာက စုန်းမလမ်းလျှောက်သလိုလိုနှင့်တကယ့်ပုကွကွ၊သူ့ရုပ်ရည်နှင့် စိတ်ကမလိုက်ဖူး။ဘယ်လိုတရုတ်မလည်း။Minjuတစ်ယောက်ဘာကြည့်ပြီးခင်နေလည်းမသိ"
တွေး တော လေပေသည်။ Xing Mei ကတော့ သတိမမှုပဲ အေးဆေးသာ သွားလေပေသည်။ ဒါပေမဲ့လည်း Sunghoon မနာလိုဖြစ်မိတယ်။ အဲ့ကောင်မလေးရဲ့ တက်ကြွမှုတစ်ဝက်လောက်ကိုမရှိတာကြောင့်တည်း။
Xing Mei တစ်ယောက် သူမအဆောင်ဘက်ခြမ်းရောက်တော့ သူမ အခန်းထဲဝင်ကာ အခန်းတွင် Minju က စာလုပ်နေကာ သူမလည်း Xing Mei လာတာမြင်တော့
"အော် Xing Mei, ညဘက် နင်သွားမှာလား ပြန်ရောက်တာနှင့်"
Xing Mei လည်း နားမလည်စွာဖြင့်
"ဘာကိုလည်း..."
Minju လည်း
"ငါတို့ Sydney opera House သွားပြီးပြန်လာရင်၊ကျောင်းပါတီရှိလို့ တစ်နည်းအားဖြင့် ကျောင်းကပွဲ ပေါ့...."
Xing Mei လည်း
"မလိုက်တော့ဘူးလေ။ငါ assignment တွေရေးရအုန်းမယ်။"
Minju လည်း သဘောပေါက်ကာ
"ငါသိပါတယ် နင်မလိုက်ချင်မှန်း၊အတင်းမခေါ်ပါဘူး။....ငါ အစ်မ Xinyu နှင့်သွားလိုက်မယ်"
Xing Mei လည်း ခေါင်းညိတ်လေပေသည်။
______________________________
ဒီလိုနှင့် ညနေ ၅ နာရီ ရောက်တော့ Xinyu,Minju နှင့် Xing Mei တို့ sydney Opera House အပြင်သာပတ်လည်ပြီး ကျောင်းပါတီပွဲရှိတာကြောင့် အချိန်နည်းနည်းသာ ပေးပြီး သာ ပြာတိပြာယာ လည်ပတ်ကာ ရှုခင်းတောင်ကောင်းကောင်းမခံစားရပေ။ တစ်နေ့ သူတို့အချိန်ပေးပြီး ထို့နေရာ အထင်ကရနေရာကိုအေးဆေးလေ့လာဖို့ကို သူတို့ဆုံးဖြတ်ကျပေသည်။
၇နာရီရောက် တော့ Xinyu နှင့် Minju တို့မိန်းကလေး အခန်းထဲတွင် ကျောင်းပါတီ ပွဲရှိတဲ့အတွက် ပြင်ဆင်လေကြပေသည်။
Xing Mei ကမသွားတဲ့သူဖြစ်တဲ့အတွက် assignment ကို သူမ ကုတင်ဘေးက စာရေးစားပွဲပေါ်မှာထိုင်ရေးလေပေသည်။
Xinyu နှင့် Minju သာအဝတ်လဲပြီးထွက်သွားလေသည်။
Xinyu ကအစက အဆောင်မခန်းမတူပေ။Xinyu နေတဲ့အခန်းက နောက်တိုင်းသူနှင့်အဆင်မပြေတာကြောင့် လဲလိုက်တာကြောင့်တည်း။
YOU ARE READING
O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏
Romance(Unicode+ Zawgyi) Read as just a fanfiction.In this stroy please see as fictional characters.It is not intended to harm anyone including image too...All characters are just fictional characters and only related to this fanfiction. START -23.7.2024...
Part-(5)
Start from the beginning
