Part-(2)

45 7 0
                                        

(Unicode)

နောက်နေ့Tokyoဘက်တွင်Rikiကတော့ မနေ့က
scholarship စာမေးပွဲမဖြေနိုင်တဲ့အတွက်သူတစ်ယောက်ရည်မှန်းချက်ဖြင့်‌ကင်းဝေးနေသလိုဖြစ်လေသည်။သူလည်းမနက်နိုးပြီးသူလုပ်နေကြ morning routine အတိုင်း သွားတိုက်၊ရေချိုး၊အဝတ်လဲပြီး သူ့ တရားစာအုပ်ကို အံဆွဲကနေထုတ်ပြီး ကုတင်ပေါ်မှာထိုင်ကာ ဓမ္မစာရွတ်နေပေသည်။

ရွတ်ပြီးတာနှင့်သူ Scholarship ရမရကကံပဲဆိုပြီးတွေးလေပေလေရဲ့Yarmaka Satoကိုအမြဲရှုံးနိမ့်နေတာကိုသူမလိုချင်ပေ။Rikiတစ်ယောက်တော့တစ်ယောက်ထဲအထီးကျန်စွာဖြင့် သူမိဘ‌ Mansion house ထဲမှာလျှောက်သွားလေသည်။

RIki တစ်ယောက်မနက်စာ စားပြီးတာနှင့်အိမ်မှာ‌မနေချင်တော့ဖုန်းနှင့်အိတ်ယူပြီးသူ့အချိန်ပိုင်းအလုပ်ကို သွားဖို့ အိမ်ကနေထွက်ပြီးစက်ဘီးသော့ကိုဖြုတ်ပြီး နင်းသွားလေသည်။

သူ့အလုပ်ရှေ့ရောက်တော့စက်ဘီးကိုသော့ခတ်ပြီးဝင်သွားလေသည်။သူလုပ်တဲ့အလုပ်ကတော့ 24 hour store က နေ့ပိုင်း (9)နာရီကနေနေလည် (2)နာရီထိသာဖြစ်ပေသည်။အလုပ်ရှင်ကကျောင်းသားဟုတ်တော့ (5)နာရီ အလုပ်ချိန်ကို တစ်ခါတစ်လေကျောင်းရှိတော့ညပိုင်းပြောင်းပေသည်။Rikiငွေရှင်းကောင်တာမှာရပ်နေရတာ(5) နာရီလုံးလုံးတည်း။သူလည်းတစ်ခါတစ်လေခေါင်းရှုပ်လေရသည်။ ဈေးဝယ်သူ Customer များအမျိုးမျိတွေ့ရသော်ကြောင့်ဖြစ်သည်။တစ်ခါတစ်လေမူးပြီးရမ်းကားတဲ့သူတွေနှင့်သူညချိန်အလုပ်လုပ်ခါတွင်တွေ့ရလေသည်။Rikiကတော့ တရားနှင့်သာဖြေရလေပေသည်။

သူတော့သာမန်တိုင်းအလုပ်လုပ်နေပေမဲ့လည်းစိတ်ကတော့ကြိုးစားသမျှသဲထဲရေသွန်ဖြစ်နေသလားဆိုတဲ့အတွေးတွေဝင်လေသည်။
________________________

တစ်ဖက် Chongqingရောက်သွားတဲ့ Wang Xiang Meiဖြစ်ကတော့အေးချမ်းစွာဖြင့် စိတ်လွှတ်ကိုယ်လွှတ် လွတ်လပ်စွာပျံသန်းနေတဲ့ ငှက်ကဲ့သို့ လွတ်လပ်စွာ Chongqing လမ်းမှာ လမ်းလျှောက်နေ‌လေသည်။Wang မျိုးနွယ်ဘယ်လောက်ခေါင်းမာလည်း မပြောနှင့် မိသားစု‌ဝင်ဖုန်းတွေတောင်ဘလော့ထားပေလေသည်။

Xiang Mei ကတော့ Chongqing ကသူမသူငယ်ချင်းအိမ်ဝင်ပြီးတာနှင့်သူငယ်ချင်းကားကိုငှားပြီး ရှုပ်ထွေးနေသည့် လမ်း၊တရုတ်နိုင်ငံ၏ cyber city လို့ခေါ်ဆို‌လို့ရအောင်ဖြစ်နေသည့် ထိုမြို့ကနားမလည်နိုင်တဲ့လမ်းများကို ကားမောင်းလေပေသည်။

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Where stories live. Discover now