Riki လည်း မလိုက်ချင်လိုက်ချင် Sunghoon ခေါ်တာကြောင့်သာလိုက်လာသည်။ Jake တို့လည်း ထို့အတူ ၁၂နာရီ အတန်းထဲအရောက်ပြန်ရောက်သွားရမှာကြောင့် အနီးအနာသာလိုက်လည်လေပေသည်။

Sunghoon လည်း အစက တစ်ယောက်ထဲ ice skating စီးချင်ပေမဲ့အခုတော့ သူငယ်ချင်း စိတ်ချမ်းသာအောင်သူလိုက်နေရပေသည်။

ဒီလိုနှင့် ၁၂ နာရီမရောက်ခင် တစ်နာရီခွဲ အလိုတွင် Xinyu, Minju နှင့် Xing Mei တို့က အတန်းထဲ‌အရောက်သွားကာ သုံးယောက်သား လွယ်အိတ်ထဲကစာအုပ်တွေထုတ်ပြီး စာတွေ ပြန်လေ့လာလိုက် ပေးထားတဲ့ အခြားဘာသာ assignment ရေးလိုက်နှင့်တည်း။ထိုနောက် စကားတပြောပြောနှင့်တည်း။

သူတို့လည်းတော်တော်ကို ရင်းနှီးလေပေသည်။ဆန့်ကျင်ဘက်မှာတော့ Riki နှင့် Jake က တစ်ဖက်နှင့်တစ်ဖက် အလံဖြူကိုမပြပေ။သူတို့လည်း ၁၂နာရီမထိုးခင် ၄၅ မိနစ်အလိုရောက်လာကာ Sunghoon ကတော့ ထုံးစံတိုင်း ပဲလှော်ကြားဆားညှပ်သလို အလယ်မှာထိုင်လေပေသည်။သူတို့လည်းစာအုပ်ထုတ်ပြီး Sunghoon ကိုစကားပြောသလို အမြင်စောင်းသည့်စကား Rikiက Jakeကိုစောင်းပြီးပြော။တစ်ဖက်က Riki က Jake ကို စောင်းပြောနှင့်တည်း။ Sunghoon တော့ သူအဖြစ်ကိုကြည့်ပြီး
Sandwich ထဲက အသား၊ဆလပ်ရွက်၊သခွားသီးနှက့်ခရမ်းချဉ်သီး ဘဝဖြစ်နေတဲ့သူဘဝကို တွေးမိပြီး စိတ်ထဲက သနားမိလေပေသည်။

အချိန်ပိုစတော့ ဆရာမပြောတာ အတန်းထဲကကျောင်းသား၊ကျောင်းသူတွေလည်းစုံသလို ဆရာမကလည်း စာကိုသေချာရှင်းပြလေပေသည်။ များသောအားဖြင့် ကျောင်းသားတွေက အာရုံစူးစိုက်ပြီးနားထောင်လေပေမဲ့ အချို့က တော့ထိုလို‌မဟုတ်ချေ။
Economic အချိန် ဖြစ်တာကြောင့် ရှင်းပြတာကို သေချာစူးစိုက်ပြီး နားထောင်မှသာ ‌နားလည်ရတာလွယ်နိုင်ပေမဲ့ Sunghoon ဘက်တွင် အာရုံသာ လွင့်လေသည်။

ပဲလှော်ကြား စားညှပ်ခံရတဲ့ အဖြစ်ကို Riki က နားမလည်တာထမေးလိုက် ဟိုတစ်ဖက်က Jakeကမကျေနပ်လို့ Riki နှင့်အပြိုင် လုပ်နေလားမသိ။ Sunghoon လည်း အာရုံကိုမနည်းစုစည်းနေရပေသည်။

______________________

အတန်းချိန်ပြီးတော့ Xinyu နှင့် Minju ကတို့ကအ ဆောင်အခန်းဘက်ကို အရင်သွားနှင့်သည်။Xing Mei ကတော့ အဆောင်ခန်းမသွားခင် ကန်တင်းဘက်သွားပြီး အအေးသွားဝယ်လေပေသည်။

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Место, где живут истории. Откройте их для себя