မနေ့ညက သူမကို ဒေါသအလျောက် ကြမ်းရမ်းစွာ ပြောလိုက်မိပြီးကာမှ ကိုယ့်ဘာသာကို ပြန်တွေးမိပြီး ဒေါသထွက်နေမိတော့သည်။
အဲ့ကောင်မလေး ငိုပြီး ထွက်သွားတဲ့ပုံရိပ်ကို အခုထိ မျက်လုံးထဲ မြင်ယောင်နေမိသည်။
အလုပ်ကိုလဲ အာရုံစိုက်လို့မရတာကြောင့် ဝရံတာဘက်ကိုလေညင်းခံရန်ထွက်လာလေသည်။
"ဒေါက်..ဒေါက်"
အခန်းတံခါးခေါက်သံကြားတာကြောင့် သူတံခါးလာဖွင့်လေတော့ အခန်းရှေ့မှာ ကော်ဖီခွက်ကိုင်ကာ ရပ်နေသော သူမ။
"ရှင့်အတွက် ကော်ဖီ လာပို့ပေးတာပါ"
"ဝင်လာခဲ့"
သူမဝတ်ထားတဲ့ ညအိပ်ဝမ်းဆက်အခဲရောင်လေးနှင့် အိပ်ခါနီးမို့ ချထားတဲ့ ဆံပင်ရှည်။ သူမက ဘာမှမပြင်ဆင်ရင်တောင် လှတာကိုတော့ ဝန်ခံရမည်။
ကော်ဖီခွက်ကို စားပွဲပေါ်ချပေးပြီး ထွက်သွားဖို့ ပြင်နေတဲ့သူမကို သူလှမ်းတားလိုက်သည်။
"နေအုံး"
သူမခြေလှမ်းတို့ရပ်တန့်သွားရပြီး ထိုနေရာမှာပဲ မလှုပ်မယှက်ရပ်နေလေသည်။
တည်က သူမအရှေ့တည့်တည့်သို့လာရပ်ပြီး သူမ မျက်နှာလေးကို ကြည့်သည်။
"မင်း မျက်နှာ...ဘာဖြစ်ထားတာလဲ..!"
သူမမျက်နှာတစ်ဖက်ဟာ နီရဲနေကာ လက်ဝါးရာဟာလဲ ထင်း၍နေသည်။
"မင်းကိုမေးနေတယ်လေ"
"ရှင့်ပါးကို ရိုက်မိတဲ့ တန်ရာတန်ကြေး ပြန်ရထားတာ..."
တန်ရာ တန်ကြေး။ဘယ်သူက ဒီတန်ကြေးကို ဆုံးဖြတ်ထားတာလဲ..။
"ဘယ်သူကလဲ"
"ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါဘူး...ရှင့်ကိုလဲ အပြစ်မပြောပါဘူး ကျွန်မကိုက ကိုယ့်အဆင့်ကိုယ်မသိတာပါ.."
"....."
"ကျွန်မကို သွားခွင့်ပြုပါအုံး"
"သီကျူးတေးသံ နေအုံး"
သူမလက်ကိုဖမ်းဆွဲလိုက်လေတော့ အားပါသွား၍ထင်သည်။သူမကိုယ်လေးဟာ တည့်ရဲ့ ရင်ခွင်ထဲသို့ ရောက်လာလေသည်။
JE LEEST
ချစ်သူ၏ နူးညံ့သော အမိန့်တော်
Romantiekကိုယ့်ဘက်က အမုန်းတွေနဲ့ စတင်ခဲ့တယ်ဆိုပေမယ့် မင်းဆီက အမုန်းကိုတော့ ကိုယ်လက်မခံပါရစေနဲ့ ကျူးရယ်။ ကမ္ဘာတည်စေ+သီကျူးတေးသံ
