My Youth - 1

1.3K 62 3
                                        

သူနဲ့ကျွန်တော်ရဲ့ ပထမဆုံး စတွေ့ခြင်းက ကျွန်တော်တို့အထက်တန်းပထမနှစ်မှာပါ..

အော်..ဟုတ်သား။
မိတ်ဆက်ဖို့မေ့သွားတာပဲ. ကျွန်တော်ကိုတော့ Santa လို့ ခေါ်နိုင်ပါတယ်ဗျာ

သူကတော့ Perth တဲ့

။။။။။။။။။။။။

အစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့အဖေရဲ့အခြေအနေ ကြောင့် နေရာပြောင်းရွေ့ရတာတွေ ရှိတာမို့ Santa တစ်ယောက် အခုလည်း မြို့ငယ်တစ်ခုမှာ အထက်တန်း စတက်ဖို့ ဖြစ်လာခဲ့တယ်။

'ကဲ..သားနာမည်ကို မိတ်ဆက်လိုက်ပါအုန်း'

ဆရာမရဲ့အစပျိုးမှုနဲ့..

'Santa ပါ..တွေ့ရတာ ဝမ်းသာ...'

ဝုန်းခနဲ ကန်ဖွင့်ခံလိုက်ရတဲ့တံခါးသံကြောင့် စကား ဆက်မပြောဖြစ်ဘဲ ကျွန်တော် လှည့်ကြည့်မိလိုက်ချိန်... မျက်လုံးထိ ဖုံးအုပ်မတက် ချထားတဲ့ရှေ့ဆံပင်၊ ပီကေ တလှုပ်လှုပ်ဝါးနေဟန် ၊ လွယ်အိတ်ကို ဘေးတစ်စောင်း လွယ်ထားပြီး အတန်း ဝင်လာတဲ့သူကို ရပ်ကြည့်နေမိတော့တယ်

ထိုသူက အတန်းရှေ့မှာ ရပ်နေတဲ့ Santa နား ဖြတ်သွားချိန်မှာ ခဏရပ်ကာ မျက်ခုံးပင့်ကြည့်လာတော့ Santa လည်း အလိုလိုခေါင်းညိတ် နှုတ်ဆက်လိုက် မိချိန်

'ဟာ့!'

လှောင်ရယ်သံတိုးတိုးနဲ့ သူ့နေရာသူ ဆက်လျှောက်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်တော်လည်း စိတ်ထဲကနေ တသီတတန်းကြီး ကျိန်ဆဲပလိုက်တယ် .. ဟွန်း!!

နောက်ကျမှ ရောက်လာတဲ့သူကို အားလုံးကလည်း မြင်ဖူးနေကြအတိုင်း ဂရုမစိုက်သလို ဆရာမကလည်း ဘာမှ မပြောတာကြောင့် အံဩမိတာတော့ အမှန်ပဲ

'သူနဲ့ တစ်ခန်းတည်းဟ'

'ပြဿနာ မတက်အောင် ရှောင်နေရမယ်'

စတဲ့ တီးတိုးရေရွတ်နေသံတွေ ထွက်လာချိန် ဆရာမက စားပွဲကို ပုတ်ကာ တိတ်ဆိတ်စေလိုက်ပြီး အခန်းထဲ အနည်းငယ်ဝေ့ကြည့်လိုက်ရင်း ကျောင်းသားသစ်အတွက် ထိုင်ခုံ မစီစဉ်ထားမိမှန်း သတိရသွားကာ..

'Santa လည်း လွတ်နေတဲ့နေရာမှာသာ ထိုင်လိုက်တော့နော်'

အိုကေ.. လွတ်နေတဲ့နေရာကလည်း ဟိုတစ်ယောက်ရဲ့ဘေးခုံမှာ...အဲလိုနဲ့ပဲ သူနဲ့ကျွန်တော်က ထိုင်ခုံဖော်တွေ ဖြစ်သွားရတာပေါ့နော်...

My Youth  (Perth ×  Santa)//Completed//Stories to obsess over. Discover now