"ငွေကြယ်ပွင့်ဖီးလစ်မှ အနုပညာလုပ်ငန်းများအား ရက်အကန့်အသန့်မရှိယာယီရပ်နားထားမည်ဟုဆုံးဖြတ်ထားကြောင်း JYP Entertainment မှ ကြေညာခဲ့"
"Hello This is JYP Entertainment.
We would like to give you an update on Stray Kids member Felix."
ဒီနေ့ အတွက် ခေါင်းကြီးပိုင်းမှာ နေရာယူထားတဲ့ သတင်းခေါင်းစဉ်နဲ့ X မှာ ပလူပျံနေတဲ့ JYP Entertainment ရဲ့ စာတွေ။
ကမ္ဘာအနှံအပြားက Fans များ X တွင် ငိုယို ပေါက်ကွဲကြလေပြီ။
ကောမန့် ၁ - World Tour တွေပြီးလို့ ခနအနားယူနေသည့် အချိန်လေးမှာ ဘာတွေဖြစ်ကုန်တာလဲ?
ကောမန့် ၂ - ငါတို့ရဲ့ နတ်သားလေး အီယုံးဘို့က ကျန်းမာရေးမကောင်းခဲ့တဲ့ အခြေအနေတွေမှာတောင် ဒီလိုဆုံးဖြတ်တတ်တာမဟုတ်ဘူးလေ။
ကောမန့် ၃ - ကလေးလေး ဘာတွေဖြစ်နေတာလဲဟင်၊ အရမ်းပင်ပန်းနေတာလား Haters တွေပြောတာတွေ နားမယောင်ပါနဲ့နော်ကလေးလေး။ ကိုယ်တွေအတွက် အီယုံးဘို့က အဖိုးအတန်ဆုံးလူသားလေးမို့ အနားယူပြီးရင် ကျိန်းသေပေါက် ပြန်လာပေးရမယ်နော်။
ဟွမ်ဟွန်းဂျင်းတစ်ယောက် လက်ထောက်လာပြသော သတင်းများကို ကြည့်ပြီး ကိုယ့် မျက်လုံးများကို ကိုယ်မယုံနိုင်?
*ယုံးဘို့က ဒီလိုဆုံးဖြတ်တယ်တဲ့လား။ မဖြစ်နိုင်တာ။ ဟိုအဖိုးကြီး ဆူလိုက်တာလား။ ဒါမှမဟုတ် အတင်းနားခိုင်းတာလား။ Hyung တို့ကရော မတားဘူးလား ဘာဖြစ်နေတာလဲကွာ*
အတွေးပေါင်းစုံနှင့် ယောက်ယက်ခတ်ကာ အတော်အသင့်ရှည်လာပြီဖြစ်သော ဆံပင်များကို ခပ်ကြမ်းကြမ်းထိုးဖွလိုက်သည်။
ယုံးဘို့ဆီ ဖုန်းဆက်နေပေမယ့် သူခေါ်လိုက်တိုင်း လူကြီးမင်းနဲ့သာ တိုးနေသည်။ အကြိမ်ကြိမ်ဆက်လည်း မရနေ။
"Hyung ဆီသွားမယ်"
"ဟွန်းဂျင်း အဲ့လိုလုပ်လို့မရဘူးလေ ဒရာမာရိုက်နေတုန်း ဒီက ထွက်သွားလို့မရဘူးဆိုတာ မသိတာလား"
"ကျစ် အစထဲက ဒီဇတ်လမ်းကို မရိုက်ပဲ အပြတ်အသတ်ငြင်းခဲ့ရမှာကွာ"
YOU ARE READING
IF (One Short)
Short Storyစိတ်ကူးပေါက်လို့ ရေးတဲ့ စိတ်ကူးရင် ဇာတ်လမ်းတို။ အပြီးပါ ဆက်ရန်လည်း မရှိပါရှင်။
